[Zawgyi]

Sony Xperia ေတြနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းတစ္ခုကေတာ့ ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို အျခားနာမည္သစ္တစ္မ်ိဳး ေျပာင္းလဲသတ္မွတ္မယ္ဆိုတာပါပဲ။ ေကာလာဟလေတြအရေတာ့ Sony Xperia XA3 ကို Xperia 10 အျဖစ္ သတ္မွတ္ေခၚေဝၚႏိုင္သလို XZ4 ကိုေတာ့ Xperia 10Z ဆိုၿပီး ေခၚေဝၚႏိုင္တယ္လို႔ ဆိုပါတယ္။

Sony အေနနဲ႔ ထုတ္ကုန္သစ္ေတြကို နာမည္ေျပာင္းခဲ့မယ္ဆိုရင္လည္း “X” ကိုေတာ့ ခ်န္လွပ္ထားခဲ့မွာ မဟုတ္ဘူးလို႔ ယူဆရပါတယ္။ တျခားသတင္းတစ္ခုမွာေတာ့ Xperia XZ4 ဟာ Xperia 10Z အေနနဲ႔ ထြက္လာႏိုင္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

Xperia 10Z ဆိုတဲ့ အမည္နဲ႔ ထြက္ေပၚလာႏိုင္လားဆိုတဲ့ ေမးခြန္းေတြအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ အေၾကာင္းျပခ်က္ကေတာ့ အရင္ကထြက္ခဲ့ဖူးတဲ့ Xperia Z flagships ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ “Z” ကိုလည္း ယူသုံးလာႏိုင္ပါတယ္။ 10 ကေတာ့ ေရာမဂဏန္း X အေနနဲ႔ သုံးလာႏိုင္တာလည္း ျဖစ္ပါတယ္။

“X” Series ေတြဟာ ၂၀၁၆ ေလာက္တုန္းက စတင္ထြက္ေပၚလာခဲ့တာ ျဖစ္ၿပီး XZ နဲ႔ XA တို႔ဟာ ပရီမီယံပိုင္းနဲ႔ Mid-range ပိုင္းအျဖစ္ ႏွစ္မ်ိဳးႏွစ္စား ကြဲျပားသြားခဲ့ၾကပါတယ္။ ၂၀၀၈ မွာေတာ့  Sony Ericsson Xperia X1 ဆိုၿပီး သီးသန႔္ ပြဲထြက္လာခဲ့ပါတယ္။ ဒါေၾကာင့္ Xperia ေတြဟာ ၁၀ ႏွစ္ျပည့္ခဲ့တာ သိပ္မၾကာေသးဘူးလို႔ ေျပာရမွာပါ။

ဂ်ပန္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Sony ဟာ Xperia XZ4 (ဒါမွမဟုတ္) 10Z အတြက္ အေရာင္သစ္တစ္မ်ိဳးကိုလည္း စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ ဒီအေရာင္သစ္ကေတာ့ ခရမ္းေရာင္ျဖစ္ႏိုင္တယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Sony Xperia XA3 ကို Xperia 10 လိုခေါ်ဝေါ်ပြီး XZ4 ကိုတော့ Xperia 10Z လို့ခေါ်ဝေါ်နိုင်

Sony Xperia တွေနဲ့ပတ်သက်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုကတော့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို အခြားနာမည်သစ်တစ်မျိုး ပြောင်းလဲသတ်မှတ်မယ်ဆိုတာပါပဲ။ ကောလာဟလတွေအရတော့ Sony Xperia XA3 ကို Xperia 10 အဖြစ် သတ်မှတ်ခေါ်ဝေါ်နိုင်သလို XZ4 ကိုတော့ Xperia 10Z ဆိုပြီး ခေါ်ဝေါ်နိုင်တယ်လို့ ဆိုပါတယ်။

Sony အနေနဲ့ ထုတ်ကုန်သစ်တွေကို နာမည်ပြောင်းခဲ့မယ်ဆိုရင်လည်း “X” ကိုတော့ ချန်လှပ်ထားခဲ့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ တခြားသတင်းတစ်ခုမှာတော့ Xperia XZ4 ဟာ Xperia 10Z အနေနဲ့ ထွက်လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Xperia 10Z ဆိုတဲ့ အမည်နဲ့ ထွက်ပေါ်လာနိုင်လားဆိုတဲ့ မေးခွန်းတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက်ကတော့ အရင်ကထွက်ခဲ့ဖူးတဲ့ Xperia Z flagships တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် “Z” ကိုလည်း ယူသုံးလာနိုင်ပါတယ်။ 10 ကတော့ ရောမဂဏန်း X အနေနဲ့ သုံးလာနိုင်တာလည်း ဖြစ်ပါတယ်။

“X” Series တွေဟာ ၂၀၁၆ လောက်တုန်းက စတင်ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး XZ နဲ့ XA တို့ဟာ ပရီမီယံပိုင်းနဲ့ Mid-range ပိုင်းအဖြစ် နှစ်မျိုးနှစ်စား ကွဲပြားသွားခဲ့ကြပါတယ်။ ၂၀၀၈ မှာတော့ Sony Ericsson Xperia X1 ဆိုပြီး သီးသန့် ပွဲထွက်လာခဲ့ပါတယ်။ ဒါကြောင့် Xperia တွေဟာ ၁၀ နှစ်ပြည့်ခဲ့တာ သိပ်မကြာသေးဘူးလို့ ပြောရမှာပါ။

ဂျပန်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Sony ဟာ Xperia XZ4 (ဒါမှမဟုတ်) 10Z အတွက် အရောင်သစ်တစ်မျိုးကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီအရောင်သစ်ကတော့ ခရမ်းရောင်ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

Ref: GSMArena