[Zawgyi]

အီလက္ထေရာနစ္ ကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Sony ဟာ သူတို႔ရဲ႕ Sony Mobile ဌာနကို Sony TV, audio နဲ႔ ကင္မရာ စတဲ့ဌာနေတြနဲ႔အတူ ေပါင္းစည္းလိုက္ေတာ့မယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒီလိုေပါင္းစည္းၿပီးတဲ့ေနာက္ Electronics Products and Solutions လို႔ ေခၚဆိုဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

ကုမၸဏီက လက္ရွိအခ်ိန္မွာေတာ့ သူတို႔ရဲ႕ အမ်ိဳးမ်ိဳးေသာ အီလက္ထေရာနစ္ ထုတ္ကုန္ေတြကို တိုးျမႇင့္ထုတ္လုပ္ႏိုင္ဖို႔အတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနတာပါ။ Mobile division ကေတာ့ ႐ုန္းကန္ေနရတဲ့ အေျခအေနျဖစ္ေနၿပီး Xperia ေတြ ထုတ္လုပ္ဖို႔အတြက္ တီဗြီနဲ႔ ကင္မရာ ဌာနခြဲကေန ေခ်းငွားခဲ့ရတယ္လို႔ ဆိုပါတယ္။

Sony ကေတာ့ သူတို႔အေနနဲ႔ Xperia စမတ္ဖုန္းေတြ ဘယ္ေလာက္ထိ အလုပ္ျဖစ္သလဲဆိုတဲ့ အေျခအေနကိုသိရဖို႔ ဘ႑ာေရးဆိုင္ရာ အစီရင္ခံစာေတြကို ေစာင့္ၾကည့္သြားဦးမွာပါ။ Sony Mobile ဟာ ဒီႏွစ္ေတြထဲမွာ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ ၂၀၁၇ တစ္ႏွစ္လုံးမွာ စမတ္ဖုန္းအလုံးေရ ၁၃.၅ သန္းေလာက္ေရာင္းခ်ခဲ့ရတယ္ဆိုေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ၇ သန္းေလာက္ပဲ ေရာင္းရမယ္လို႔ ခန႔္မွန္းရပါတယ္။

ဒီအတြက္ ဘ႑ာေရးပိုင္းဆိုင္ရာမွာ အေမရိကန္ေဒၚလာ ၉၁၃ သန္းနီးပါးေလာက္ အရႈံးေပၚခဲ့တယ္လို႔ သိရပါတယ္။ အလားတူ အခ်ိန္အတြင္းမွာေတာ့ တီဗြီနဲ႔ အသံပိုင္းဆိုင္ရာဌာနေတြက အသားတင္အျမတ္ ေဒၚလာ ၇၁၄ သန္းကို ရယူႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းဌာနအတြက္ အသုံးစရိတ္ေတြလည္း မူလထက္ ၅၀ ရာခိုင္ႏႈန္းထိကို ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Sony ဟာ Xperia ဖုန္းေတြက ယူေဆာင္ေပးမယ့္ အက်ိဳးအျမတ္ေတြကို လာမယ့္ ၂၀၂၁ အေစာပိုင္းေလာက္ကစၿပီး ေတြ႕ျမင္ရမယ္လို႔ ယုံၾကည္ေနပါတယ္။

Ref: GSMArena

[Unicode]

Mobile ဌာနကို သီးသန့်မထားတော့ဘဲ အခြားဌာနတွေနဲ့ ပေါင်းလိုက်တော့မယ့် Sony

အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Sony ဟာ သူတို့ရဲ့ Sony Mobile ဌာနကို Sony TV, audio နဲ့ ကင်မရာ စတဲ့ဌာနတွေနဲ့အတူ ပေါင်းစည်းလိုက်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုပေါင်းစည်းပြီးတဲ့နောက် Electronics Products and Solutions လို့ ခေါ်ဆိုဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီက လက်ရှိအချိန်မှာတော့ သူတို့ရဲ့ အမျိုးမျိုးသော အီလက်ထရောနစ် ထုတ်ကုန်တွေကို တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ Mobile division ကတော့ ရုန်းကန်နေရတဲ့ အခြေအနေဖြစ်နေပြီး Xperia တွေ ထုတ်လုပ်ဖို့အတွက် တီဗွီနဲ့ ကင်မရာ ဌာနခွဲကနေ ချေးငှားခဲ့ရတယ်လို့ ဆိုပါတယ်။

Sony ကတော့ သူတို့အနေနဲ့ Xperia စမတ်ဖုန်းတွေ ဘယ်လောက်ထိ အလုပ်ဖြစ်သလဲဆိုတဲ့ အခြေအနေကိုသိရဖို့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတွေကို စောင့်ကြည့်သွားဦးမှာပါ။ Sony Mobile ဟာ ဒီနှစ်တွေထဲမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ ၂၀၁၇ တစ်နှစ်လုံးမှာ စမတ်ဖုန်းအလုံးရေ ၁၃.၅ သန်းလောက်ရောင်းချခဲ့ရတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်ကတော့ ၇ သန်းလောက်ပဲ ရောင်းရမယ်လို့ ခန့်မှန်းရပါတယ်။

ဒီအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ အမေရိကန်ဒေါ်လာ ၉၁၃ သန်းနီးပါးလောက် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ အချိန်အတွင်းမှာတော့ တီဗွီနဲ့ အသံပိုင်းဆိုင်ရာဌာနတွေက အသားတင်အမြတ် ဒေါ်လာ ၇၁၄ သန်းကို ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စမတ်ဖုန်းဌာနအတွက် အသုံးစရိတ်တွေလည်း မူလထက် ၅၀ ရာခိုင်နှုန်းထိကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Sony ဟာ Xperia ဖုန်းတွေက ယူဆောင်ပေးမယ့် အကျိုးအမြတ်တွေကို လာမယ့် ၂၀၂၁ အစောပိုင်းလောက်ကစပြီး တွေ့မြင်ရမယ်လို့ ယုံကြည်နေပါတယ်။

Ref: GSMArena