[Zawgyi]

၂၀၁၉ မွာ ကင္မရာနည္းပညာသစ္ကို လုိလားေနတဲ့ စမတ္ဖုန္းသုံးစြဲသူေတြအတြက္ 3D ToF ကင္မရာ နည္းပညာသစ္ကို အႀကီးအက်ယ္ထုတ္လုပ္ဖို႔ ဆုိနီမွ ႀကိဳးစားေနေၾကာင္း Bloomberg သတင္းဌာနမွ အစီရင္ခံလာခဲ့ပါတယ္။

ဒီကင္မရာ Sensor နည္းပညာသစ္ဟာ ေရွ႕၊ ေနာက္ ကင္မရာႏွစ္မ်ဳိးလုံးမွာ အသုံးျပဳႏုိင္မွာျဖစ္ၿပီး ၂၀၁၉ မွာထြက္လာမယ့္ ဟန္းဆက္အမ်ဳိးအစားစုံမွာ ေတြ႕ရဖို႔ ရွိေၾကာင္း ဆုိနီကုမၸဏီမွ ဆာတုိရွိယုိရွီဟာယက ေျပာၾကားခဲ့ၿပီး သရီးဒီကင္မရာအသစ္ေတြဟာ ေႏြရာသီေႏွာင္းပိုင္းမွာ ေစ်းကြက္ထဲ တင္ပို႔ရန္ ထုတ္လုပ္လာမယ္ လုိ႔ ဆုိပါတယ္။

အဆုိပါ 3D ToF ကင္မရာဟာ သာမာန္မ်က္စိနဲ႔ မျမင္ရတဲ့ အလင္းတန္းေတြကို ပစ္လႊတ္ၿပီးတဲ့ေနာက္ အရာဝတၳဳကို ျပန္ထိမွန္ၿပီး ကန္ထြက္လာမယ့္ အခ်ိန္ကုိ တုိင္းတာတဲ့ပုံစံနဲ႔ အလုပ္လုပ္မွာပါ။ ဆုိနီရဲ႕ ႀကိဳးစားမႈေၾကာင့္ အခုအခါမွာ အမ်ားဆုံးအကြာအေဝး ငါးမီတာထိ ေရာက္ႏုိင္ၿပီလို႔ ဆုိပါတယ္။

ကုမၸဏီရဲ႕ နည္းပညာအသစ္ဟာ Structured Light Sensor စနစ္ထက္ ပိုတိက်တဲ့ မ်က္ႏွာနဲ႔ အရာဝတၳဳေတြရဲ႕ သုံးဖက္ျမင္ပုံရိပ္ေတြကို ထုတ္လုပ္ေပးႏုိင္ေၾကာင္း ယုိရွီဟာယက ေျပာခဲ့ပါတယ္။ Apple ရဲ႕ Face ID နဲ႔ အျခား 3D Face Unlock နည္းပညာေတြဟာ လက္ရွိမွာ မ်က္ႏွာနဲ႔အရာဝတၳဳေတြေပၚ Dot ေလးေတြ ပစ္လႊတ္လိုက္တဲ့ Structured Light နည္းပညာကို သုံးစြဲထားတာပါ။

ဒီနည္းပညာဟာ Virtual Reality ဂိမ္းနဲ႔ App ေတြမွာလည္း သုံးစြဲလာႏုိင္ေၾကာင္း Bloomberg က ထုတ္ေဖာ္ေျပာၾကားခဲ့တယ္။ ဒါေပမယ့္ အဓိကသုံးစြဲမႈကေတာ့ ဓါတ္ပုံေတြကို ပုိထင္ရွားလာေအာင္ Depth Sensor အျဖစ္ ျပဳလုပ္ေပးလာမွာပါ။ တစ္ခ်ိန္တည္းမွာပဲ ဆုိနီရဲ႕ DepthSense ဝက္ဘ္ဆုိက္ကေတာ့ DSLR ကြာလတီ အရည္အေသြးမီ ဓါတ္ပုံေတြထုတ္လုပ္ေပးႏုိင္မယ့္ Feature နဲ႔တကြ ထိေတြ႕စရာမလိုတဲ့ Interaction ျပဳလုပ္ျခင္း၊ Virtual Reality နဲ႔ အစစ္အမွန္ေပါင္းစပ္ျခင္း စတဲ့ Feature ေတြကို ႀကိဳတင္ခန္႔မွန္းေနပါၿပီ။

Ref – Android Authority

[Unicode]

၂၀၁၉ မှာ ကင်မရာနည်းပညာသစ်ကို လိုလားနေတဲ့ စမတ်ဖုန်းသုံးစွဲသူတွေအတွက် 3D ToF ကင်မရာ နည်းပညာသစ်ကို အကြီးအကျယ်ထုတ်လုပ်ဖို့ ဆိုနီမှ ကြိုးစားနေကြောင်း Bloomberg သတင်းဌာနမှ အစီရင်ခံလာခဲ့ပါတယ်။

ဒီကင်မရာ Sensor နည်းပညာသစ်ဟာ ရှေ့၊ နောက် ကင်မရာနှစ်မျိုးလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၉ မှာထွက်လာမယ့် ဟန်းဆက်အမျိုးအစားစုံမှာ တွေ့ရဖို့ ရှိကြောင်း ဆိုနီကုမ္ပဏီမှ ဆာတိုရှိယိုရှီဟာယက ပြောကြားခဲ့ပြီး သရီးဒီကင်မရာအသစ်တွေဟာ နွေရာသီနှောင်းပိုင်းမှာ ဈေးကွက်ထဲ တင်ပို့ရန် ထုတ်လုပ်လာမယ် လို့ ဆိုပါတယ်။

အဆိုပါ 3D ToF ကင်မရာဟာ သာမာန်မျက်စိနဲ့ မမြင်ရတဲ့ အလင်းတန်းတွေကို ပစ်လွှတ်ပြီးတဲ့နောက် အရာဝတ္ထုကို ပြန်ထိမှန်ပြီး ကန်ထွက်လာမယ့် အချိန်ကို တိုင်းတာတဲ့ပုံစံနဲ့ အလုပ်လုပ်မှာပါ။ ဆိုနီရဲ့ ကြိုးစားမှုကြောင့် အခုအခါမှာ အများဆုံးအကွာအဝေး ငါးမီတာထိ ရောက်နိုင်ပြီလို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့ နည်းပညာအသစ်ဟာ Structured Light Sensor စနစ်ထက် ပိုတိကျတဲ့ မျက်နှာနဲ့ အရာဝတ္ထုတွေရဲ့ သုံးဖက်မြင်ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်ကြောင်း ယိုရှီဟာယက ပြောခဲ့ပါတယ်။ Apple ရဲ့ Face ID နဲ့ အခြား 3D Face Unlock နည်းပညာတွေဟာ လက်ရှိမှာ မျက်နှာနဲ့အရာဝတ္ထုတွေပေါ် Dot လေးတွေ ပစ်လွှတ်လိုက်တဲ့ Structured Light နည်းပညာကို သုံးစွဲထားတာပါ။

ဒီနည်းပညာဟာ Virtual Reality ဂိမ်းနဲ့ App တွေမှာလည်း သုံးစွဲလာနိုင်ကြောင်း Bloomberg က ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒါပေမယ့် အဓိကသုံးစွဲမှုကတော့ ဓါတ်ပုံတွေကို ပိုထင်ရှားလာအောင် Depth Sensor အဖြစ် ပြုလုပ်ပေးလာမှာပါ။ တစ်ချိန်တည်းမှာပဲ ဆိုနီရဲ့ DepthSense ဝက်ဘ်ဆိုက်ကတော့ DSLR ကွာလတီ အရည်အသွေးမီ ဓါတ်ပုံတွေထုတ်လုပ်ပေးနိုင်မယ့် Feature နဲ့တကွ ထိတွေ့စရာမလိုတဲ့ Interaction ပြုလုပ်ခြင်း၊ Virtual Reality နဲ့ အစစ်အမှန်ပေါင်းစပ်ခြင်း စတဲ့ Feature တွေကို ကြိုတင်ခန့်မှန်းနေပါပြီ။

Ref – Android Authority