Sony က PlayStation 5 ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အခုတော့ Flipkart နဲ့ Amazon.in က Teaser Page တွေအရ Sony PlayStation 5 ကို အိန္ဒိယမှာ ဒီနှစ် နှောင်းပိုင်း ရောင်းချနိုင်ပါတယ်။ Flipkart နဲ့ Amazon တို့မှာ ဈေးနှုန်းကို မဖော်ပြထားပေမယ့် “ Late 2020” လို့ ဖော်ပြထားတဲ့အတွက် နိုဝင်ဘာလလောက်မှာ ရောင်းနိုင်ပါတယ်။

အွန်လိုင်း စတိုး ၂ ခုက Teaser Page တွေမှာ PlayStation 5 ရဲ့ Digital နဲ့ Standard Edition တွေ ပါတဲ့အတွက် အဲဒီမော်ဒယ် ၂ ခုစလုံးကို အိန္ဒိယမှာ ရောင်းမှာပါ။ Page မှာ DualSense Wireless Controller နဲ့ တခြား PS5 Accessory ၄ ခု ဖြစ်တဲ့ PULSE 3D Wireless Headset, Media Remote, DualSense Charging Station နဲ့ HD Camera တွေကို ဖော်ပြထားပါတယ်။

ဒါ့အပြင် Page မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ PlayStation 5 ဂိမ်းတချို့ကို ဖော်ပြထားပြီး အဲဒီထဲမှာ Marvel’s Spider-Man: Miles Morales, Horizon Forbidden West, Gran Turismo 7, Demon’s Souls, Ratchet & Clank: Rift Apart, Sackboy A Big Adventure, Destruction AllStars နဲ့ Returnal တို့ ပါဝင်ပါတယ်။

Ref : gsmarena