နောက်ဆုံးတော့ Sony က PlayStaton 5 ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို ကြေညာလိုက်ပါပြီ။ ဗားရှင်း ၂ မျိုးထုတ်လုပ်ထားပြီး Disc Drive ပါတဲ့ ရိုးရိုး ဗားရှင်းကို ဒေါ်လာ ၅၀၀ နဲ့ Disc Drive မပါတဲ့ Digital Edition ကို ၄၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၆ သိန်း ၆ သောင်းနဲ့ ၅ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

PS5 ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ US, Japan, Canada, Mexico, Australia, New Zealand နဲ့ South Korea တို့မှာ ရောင်းချမှာ ဖြစ်ပြီး တရုတ်ကလွဲကာ တခြား နိုင်ငံတွေမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဝယ်ယူနိုင်မှာပါ။ တရုတ်မှာ ရောင်းမယ့် အချိန်ကို နောက်ကျမှ ပြောပြနိုင်ပါတယ်။ နောက် ၂ လလောက်နေရင်တော့ PlayStation Fans တွေ အမုန်း ကစားလို့ရပါပြီ။

Sony က PlayStation Plus Collection ကိုလည်း ကြေညာလိုက်ပြီး PS4 ဂိမ်းတချို့ကို PlayStation Plus Subscription အနေနဲ့ PS5 မှာ ကစားနိုင်မှာပါ။ အဲဒီဂိမ်းတွေထဲမှာ God of War, The Last of Us Remastered, Uncharted 4, Battlefield 1, Monster Hunter World, Fallout 4, Final Fantasy XV, The Last Guardian, Ratchet & Clank, Infamous Second Son, Days Gone, Bloodborne, Detroit Become Human, Batman Arkham Knight, Mortal Kombat X, Persona 5, Until Dawn နဲ့ Resident Evil Biohazard တို့ ပါဝင်ပါတယ်။

အခုတော့ ဂိမ်းစက်လောကမှာ ပြိုင်ဖက်ကြီးတွေ ဖြစ်တဲ့ Sony နဲ့ Microsoft တို့ရဲ့ မျိုးဆက်သစ် ဂိမ်းစက်တွေရဲ့ ဈေးနှုန်းနဲ့ရောင်းမယ့် အချိန်ကို သိလာရပါပြီ။

Ref : gsmarena