[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက Royale FlexPai ထြက္ေပၚလာၿပီးေနာက္မွာ ကမာၻ႔အထင္ကရနည္းပညာကုမၸဏီႀကီးေတြဟာ Foldable ဖုန္းေဈးကြက္ကို သိမ္းပိုက္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးပမ္းလာၾကတယ္လို႔ ဆိုရပါလိမ့္မယ္။ လက္ရွိၿပိဳင္ဆိုင္မႈမွာ Samsung နဲ႔ Huawei တို႔သာ ရွိေနေသးေပမယ့္ လာမယ့္ ၂၀၂၀ မွာေတာ့ အမွတ္တံဆိပ္အေတာ္မ်ားမ်ားက Foldable ဖုန္းကို မိတ္ဆက္လာၾကဖြယ္ ရွိေနတာပါ။

လတ္တေလာ ေရပန္းစားေနတဲ့ ေကာလာဟလတစ္ခုကေတာ့ Sony ကလည္း Foldable ဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ သတင္းျဖစ္ပါတယ္။ တြစ္တာမွာ ပ်ံ႕ႏွံ႔လာတဲ့ သတင္းေတြအရဆိုရင္ေတာ့ Sony ရဲ႕ စမတ္ဖုန္းဟာ မ်က္ႏွာျပင္ကို ေခါက္သိမ္းမွာမဟုတ္ဘဲ လိပ္တင္လို႔ရတဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္။ ဒီဇိုင္းက ဘယ္လိုပုံလဲ မသိရေသးေပမယ့္ Leakster က Samsung rollable OLED Prototype ကို ရည္ၫႊန္းၿပီး ျပသသြားခဲ့ပါတယ္။

အျခားအခ်က္အလက္ေတြအရ Sony ရဲ႕ ေရွ႕ေျပးပုံစံစမတ္ဖုန္းဟာ 3,220 mAh ဘက္ထရီ၊ SM7250 SoC, LG Display, Nautilus Design, 10X Zoom ကင္မရာေတြနဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ ေဈးကြက္ထဲ ျဖန႔္ခ်ိေရာင္းခ်မယ့္ ေမာ္ဒယ္မွာေတာ့ Snapdragon 855 SoC နဲ႔ Qualcomm X50 Modem ပါဝင္လာဖြယ္ရွိတယ္လို႔လည္း ခန႔္မွန္းေဖာ္ျပထားပါတယ္။

အခုအခ်ိန္ထိ ရွင္းရွင္းလင္းလင္းမသိရေသးတာက Sony ရဲ႕ Nautilus Design ဟာ ၂၀၁၆ ခုႏွစ္တုန္းက Samsung က ထုတ္ျပခဲ့တဲ့ ေရွ႕ေျပးပုံစံ Rollable OLED မ်က္ႏွာျပင္နဲ႔ သေဘာတရားခ်င္း အတူတူပဲလားဆိုတာပါ။ Samsung ကေတာ့ Rollable display နဲ႔စမတ္ဖုန္းအတြက္ မူပိုင္ခြင့္တင္ထားပါတယ္။ Sony ရဲ႕ Foldable စမတ္ဖုန္းဟာ လာမယ့္ ၂၀၁၉ ဒီဇင္ဘာေလာက္၊ ဒါမွမဟုတ္ ၂၀၂၀ ျပည့္ႏွစ္ အေစာပိုင္းကာလေတြမွာ မိတ္ဆက္လာဖြယ္ရွိတယ္လို႔ Tipster က မွတ္ခ်က္ေပးထားတာေၾကာင့္ ေနာက္ထပ္သတင္းထူးေတြကို ဆက္လက္ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref: PhoneArena

[Unicode]

Sony ဟာ မျက်နှာပြင်ကို လိပ်သွင်းနိုင်တဲ့ Foldable ဖုန်းတစ်မျိုး ထုတ်ဖို့ကြိုးစားနေကြောင်း သတင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Royale FlexPai ထွက်ပေါ်လာပြီးနောက်မှာ ကမ္ဘာ့အထင်ကရနည်းပညာကုမ္ပဏီကြီးတွေဟာ Foldable ဖုန်းဈေးကွက်ကို သိမ်းပိုက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြတယ်လို့ ဆိုရပါလိမ့်မယ်။ လက်ရှိပြိုင်ဆိုင်မှုမှာ Samsung နဲ့ Huawei တို့သာ ရှိနေသေးပေမယ့် လာမယ့် ၂၀၂၀ မှာတော့ အမှတ်တံဆိပ်အတော်များများက Foldable ဖုန်းကို မိတ်ဆက်လာကြဖွယ် ရှိနေတာပါ။

လတ်တလော ရေပန်းစားနေတဲ့ ကောလာဟလတစ်ခုကတော့ Sony ကလည်း Foldable ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ တွစ်တာမှာ ပျံ့နှံ့လာတဲ့ သတင်းတွေအရဆိုရင်တော့ Sony ရဲ့ စမတ်ဖုန်းဟာ မျက်နှာပြင်ကို ခေါက်သိမ်းမှာမဟုတ်ဘဲ လိပ်တင်လို့ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီဇိုင်းက ဘယ်လိုပုံလဲ မသိရသေးပေမယ့် Leakster က Samsung rollable OLED Prototype ကို ရည်ညွှန်းပြီး ပြသသွားခဲ့ပါတယ်။

အခြားအချက်အလက်တွေအရ Sony ရဲ့ ရှေ့ပြေးပုံစံစမတ်ဖုန်းဟာ 3,220 mAh ဘက်ထရီ၊ SM7250 SoC, LG Display, Nautilus Design, 10X Zoom ကင်မရာတွေနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဖြန့်ချိရောင်းချမယ့် မော်ဒယ်မှာတော့ Snapdragon 855 SoC နဲ့ Qualcomm X50 Modem ပါဝင်လာဖွယ်ရှိတယ်လို့လည်း ခန့်မှန်းဖော်ပြထားပါတယ်။

အခုအချိန်ထိ ရှင်းရှင်းလင်းလင်းမသိရသေးတာက Sony ရဲ့ Nautilus Design ဟာ ၂၀၁၆ ခုနှစ်တုန်းက Samsung က ထုတ်ပြခဲ့တဲ့ ရှေ့ပြေးပုံစံ Rollable OLED မျက်နှာပြင်နဲ့ သဘောတရားချင်း အတူတူပဲလားဆိုတာပါ။ Samsung ကတော့ Rollable display နဲ့စမတ်ဖုန်းအတွက် မူပိုင်ခွင့်တင်ထားပါတယ်။ Sony ရဲ့ Foldable စမတ်ဖုန်းဟာ လာမယ့် ၂၀၁၉ ဒီဇင်ဘာလောက်၊ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ မိတ်ဆက်လာဖွယ်ရှိတယ်လို့ Tipster က မှတ်ချက်ပေးထားတာကြောင့် နောက်ထပ်သတင်းထူးတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: PhoneArena