Sony Pictures Entertainment (SPE) ဟာ ရုရှားမှာ ဝန်ဆောင်မှု အားလုံကို ရပ်နားလိုက်ပြီး Spider-Man: No Way Home လို ရုပ်ရှင် အသစ်တွေကိုလည်း မပြသတော့ပါဘူး။ ဒါ့အပြင် Anime Streaming ဝန်ဆောင်မှု ဖြစ်တဲ့ Crunchyroll ကို ယာယီ ပိတ်ပင်ထားပါတယ်။

“ ရုရှားမှာ စီးပွားရေး လုပ်ငန်းတွေ ရပ်နားလိုက်တဲ့ ကမ္ဘာအဝန်းက ကုမ္ပဏီတွေနဲ့ အတူတကွ ရပ်တည်ပြီး ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးမှာ ဖြစ်ပါတယ်။ Spider-Man: No Way Home အပါအဝင် ရုပ်ရှင်အသစ်တွေကို မပြသတော့သလို တီဗီ ရှိုးတွေကို ရပ်နားမှာ ဖြစ်ပါတယ်။ ရုရှားမှာ Anime Streaming ဝန်ဆောင်မှု ဖြစ်တဲ့ Crunchyroll ကို ရပ်နားလိုက်ပါပြီ။ “ လို့ SPE CEO Tony Vinciquerra က ပြောပါတယ်။

Sony TV Veteran John Weiser To Depart Studio After 33 Years – Deadline

Sony ပိုင်တဲ့ Anime Streaming ဝန်ဆောင်မှု Funimation ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ Crunchyroll ကို ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ဝန်ဆောင်မှု ၂ ခုကို ပေါင်းစည်းမယ်လို့ ကြေညာခဲ့ပါတယ်။ Crunchyroll ရဲ့ ရုရှား ဝက်ဘ်ဆိုက်မှာ ဝန်ဆောင်မှု ရပ်နားထားတယ်လို့ ကြေညာထားပြီး ဝန်ဆောင်မှု ပြန်လည် မပေးခင်အထိ အခကြေးငွေ မယူဘူးလို့ ဖော်ပြထားပါတယ်။

Sony ဟာ Morbius နဲ့ တခြား ရုပ်ရှင်တွေကို ပြီးခဲ့တဲ့ လကစတင်ကာ ရုရှားမှာ မပြသတော့သလို Sony ပိုင်တဲ့ PlayStation က ဒီ ၁ ပတ်အစောပိုင်းမှာ ကုန်ပစ္စည်းရောင်းချတာကို ရပ်နားခဲ့ပါတယ်။ Sony ရဲ့ သီချင်း ဌာနက ရုရှားမှာ လုပ်ငန်းအားလုံး ရပ်နားထားမယ်လို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကြေညာခဲ့ပါတယ်။

Sony အပြင် ဖျော်ဖြေရေး ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Warner Bros, Disney, Paramount , Universal နဲ့ Netflix တို့ဟာလည်း ရုရှားမှာ ဝန်ဆောင်မှုတွေ ရပ်နားထားပါတယ်။

Ref : theverge