Google ကနေ Pixel ဖုန်းတွေအတွက် Android 13 OS Update ကို ထုတ်ပေးခဲ့တာ အခုဆိုရင် လပိုင်းရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ တခြားသော စမတ်ဖုန်းကုမ္ပဏီတွေက Android 13 OS Update ကို ထုတ်ပေးနိုင်ဖို့အတွက် ကြိုးစားနေဆဲပါ။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းကတော့ Samsung ကနေ Galaxy S22 Series ဖုန်းတွေအတွက် Android 13 OS ကို အခြေခံထားတဲ့ OneUI 5.0 Stable Update ကို စတင်ထုတ်ပေးခဲ့ပါတယ်။ အခုလည်း Sony ကနေ ယခုနှစ်အတွင်း မိတ်ဆက်ထားခဲ့တဲ့ Flagship ဖုန်းတွေအတွက် Android 13 OS Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Sony ကနေ Android 13 OS Update ကို ထုတ်ပေးလိုက်တဲ့ Flagship ဖုန်းတွေကတော့ Xperia 1 IV နဲ့ Xperia 5 IV ဖုန်းတွေဖြစ်တယ်လို့ သိရပါတယ်။ ယခုသတင်းကို Sony ကိုယ်တိုင်ကနေ ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပေမယ့် Download ပြုလုပ်ရမယ့် File Size ၊ အသစ်ပါဝင်လာတဲ့ Feature တွေနဲ့ တခြားသော Feature တွေကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိပါဘူး။

Android 13 OS Update ဟာ Material You Design Language အပေါ်အဓိကအခြေခံထားပြီးတော့ Theme ၊​ Color နဲ့ Icon တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် App တစ်ခုချင်းစီအလိုက် ဘာသာစကားပြောင်းလဲမှုတွေ၊ Permission ပိုင်းတွေအပြင် တခြားသော Feature တွေလည်း အများအပြားပါဝင်မှာပါ။

Ref – GSM Arena