Zawgyi

အခုေနာက္ပိုင္းမွာ စမတ္ဖုန္းေတြက USB-C ကို ေျပာင္းလဲထုတ္လုပ္ေနၾကသလုိပဲ Laptop ေတြအမ်ားစုကလည္း USB-C ကိုေျပာင္းျပီး အသံုးျပဳလာၾကပါတယ္။ ဒါေပမယ့္ ဒီလုိမ်ိဳး USB-C ကို ေျပာင္းျပီးသံုးလာတာက ယခင္တုန္းကလုိမ်ိဳး ခ်ိတ္ဆက္ရမယ့္ SD Card ေတြ၊ Projector ေတြနဲ႔ အသံုးျပဳႏုိင္ဖုိ႔ USB Hub ေတြကလည္း အေရးၾကီးတဲ့ေနရာက ပါဝင္လာပါတယ္။

အခုအခ်ိန္မွာေတာ့ Sony ကေန ကမၻာ႔အျမန္ဆံုး UHS-II SD Card Reader ျဖစ္တဲ့ MRW-S3 USB Hub ကို ထုတ္ျပလုိက္ျပီျဖစ္ပါတယ္။ အခု Sony USB Hub က SD နဲ႔ MicroSD Card Reader ျဖစ္သလုိ 100W USB Power Delivery (USB PD) Support ၊ HDMI Output ေတြအျပင္ USB 3.1 Gen 2 ကိုလည္း အသံုးျပဳလာတာျဖစ္ပါတယ္။

အခုဒီ Sony MRW-S3 USB Hub က 4K Video ေတြကို ရုိက္ကူးေနရတဲ့ Professional Videographer ေတြအတြက္ စိတ္ၾကိဳက္ျဖစ္လာမွာျဖစ္ျပီးေတာ့ လံုးဝကို One Stop Solution တစ္ခုျဖစ္လာမွာပါ။ ဒီ USB Hub က လက္ရွိအျမန္ဆံုးျဖစ္ေနတဲ့ UHS-II SD နဲ႔ MicroSD Card ေတြရဲ႕ အျမန္ႏႈန္းအတုိင္း အနည္းဆံုး Transfer Speed 300MB/s အထက္ကို ရရွိႏုိင္မွာပါ။

ဒါတင္မဟုတ္ေသးဘဲ Sony ရဲ႕ High Speed External SSD ေတြျဖစ္တဲ့ Sony SL-M နဲ႔ SL-C TOUGH Series ေတြနဲ႔ တြဲသံုးမယ္ဆုိရင္လည္း လက္ရွိမွာ အျမန္ဆံုး USB Hub Transfer စနစ္ျဖစ္တဲ့ 1000MB/s အထိရရွိဦးမွာပါ။ ဒီလုိမ်ိဳး ေၾကာက္မက္ဖြယ္အျမန္ႏႈန္းကို ရရွိဖုိ႔အတြက္လည္း USB 3.1 Gen 2 ကို အသံုးျပဳခဲ့တာျဖစ္ပါတယ္။

HDMI Output အေနနဲ႔လည္း 4K 30fps အထိ ျပန္လည္ျပသႏုိင္တဲ့အတြက္ External Display နဲ႔ ခ်ိတ္ျပီး သံုးမယ္ဆုိရင္လည္း ေနာက္ထပ္ Adapter ရွာစရာမလုိဘူးလုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ ေနာက္ထပ္ 100W USB-PD လည္းပါေနေသးေတာ့ တျခား External Device ေတြကိုလည္း Fast Charging စနစ္နဲ႔ အားျပန္သြင္းႏုိင္ဦးမွာပါ။

ဒီ Sony ရဲ႕ MRW-S3 USB Hub က လက္ရွိထြက္ထားသမွ် USB Hub ေတြထဲမွာ အၾကမ္းဆံုးျဖစ္လာျပီးေတာ့ ေစ်းႏႈန္းကိုေတာ့ ေၾကညာခဲ့ျခင္းမရွိေပမယ့္ က်ိန္းေသတာကေတာ့ ေတာ္ေတာ္ေလးကို ေစ်းၾကီးမယ့္ပံုပါပဲ။

Ref – Engadget/Sony

Unicode

အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေက USB-C ကို ပြောင်းလဲထုတ်လုပ်နေကြသလိုပဲ Laptop တွေအများစုကလည်း USB-C ကိုပြောင်းပြီး အသုံးပြုလာကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး USB-C ကို ပြောင်းပြီးသုံးလာတာက ယခင်တုန်းကလိုမျိုး ချိတ်ဆက်ရမယ့် SD Card တွေ၊ Projector တွေနဲ့ အသုံးပြုနိုင်ဖို့ USB Hub တွေကလည်း အရေးကြီးတဲ့နေရာက ပါဝင်လာပါတယ်။

အခုအချိန်မှာတော့ Sony ကနေ ကမ္ဘာ့အမြန်ဆုံး UHS-II SD Card Reader ဖြစ်တဲ့ MRW-S3 USB Hub ကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အခု Sony USB Hub က SD နဲ့ MicroSD Card Reader ဖြစ်သလို 100W USB Power Delivery (USB PD) Support ၊ HDMI Output တွေအပြင် USB 3.1 Gen 2 ကိုလည်း အသုံးပြုလာတာဖြစ်ပါတယ်။

အခုဒီ Sony MRW-S3 USB Hub က 4K Video တွေကို ရိုက်ကူးနေရတဲ့ Professional Videographer တွေအတွက် စိတ်ကြိုက်ဖြစ်လာမှာဖြစ်ပြီးတော့ လုံးဝကို One Stop Solution တစ်ခုဖြစ်လာမှာပါ။ ဒီ USB Hub က လက်ရှိအမြန်ဆုံးဖြစ်နေတဲ့ UHS-II SD နဲ့ MicroSD Card တွေရဲ့ အမြန်နှုန်းအတိုင်း အနည်းဆုံး Transfer Speed 300MB/s အထက်ကို ရရှိနိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ Sony ရဲ့ High Speed External SSD တွေဖြစ်တဲ့ Sony SL-M နဲ့ SL-C TOUGH Series တွေနဲ့ တွဲသုံးမယ်ဆိုရင်လည်း လက်ရှိမှာ အမြန်ဆုံး USB Hub Transfer စနစ်ဖြစ်တဲ့ 1000MB/s အထိရရှိဦးမှာပါ။ ဒီလိုမျိုး ကြောက်မက်ဖွယ်အမြန်နှုန်းကို ရရှိဖို့အတွက်လည်း USB 3.1 Gen 2 ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

HDMI Output အနေနဲ့လည်း 4K 30fps အထိ ပြန်လည်ပြသနိုင်တဲ့အတွက် External Display နဲ့ ချိတ်ပြီး သုံးမယ်ဆိုရင်လည်း နောက်ထပ် Adapter ရှာစရာမလိုဘူးလို့တောင်ပြောလို့ရပါတယ်။ နောက်ထပ် 100W USB-PD လည်းပါနေသေးတော့ တခြား External Device တွေကိုလည်း Fast Charging စနစ်နဲ့ အားပြန်သွင်းနိုင်ဦးမှာပါ။

ဒီ Sony ရဲ့ MRW-S3 USB Hub က လက်ရှိထွက်ထားသမျှ USB Hub တွေထဲမှာ အကြမ်းဆုံးဖြစ်လာပြီးတော့ ဈေးနှုန်းကိုတော့ ကြေညာခဲ့ခြင်းမရှိပေမယ့် ကျိန်းသေတာကတော့ တော်တော်လေးကို ဈေးကြီးမယ့်ပုံပါပဲ။

Ref – Engadget/Sony