Sony ဟာ နောက်မျိုးဆက် Xperia ဖုန်း အသစ်တွေကို ကြေညာဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကုမ္ပဏီရဲ့ မိုဘိုင်း ဌာနက မေလ ၁၁ ရက်နေ့မှာ ဖုန်း မိတ်ဆက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ပြီး မျှဝေထားတဲ့ Teaser ဗီဒီယိုအရ Xperia 1 IV ကို မိတ်ဆက်မှာ သေချာပါတယ်။ ဒါ့အပြင် Xperia 5 နဲ့ Xperia 10 ဖုန်း အသစ်တွေကိုပါ မြင်ရနိုင်ပါတယ်။

Xperia 1 IV ရဲ့ ဓါတ်ပုံတွေကို အရင်က မြင်ခဲ့ရပြီး ဖြစ်ပြီး အရင်နှစ်ထုတ် Xperia III ထက် ပိုပြားချပ်တဲ့ ဘေးဘက် ဒီဇိုင်းကို တွေ့ရပါတယ်။ ကျန်တဲ့ ဒီဇိုင်းတွေက အဲဒီဖုန်း ၂ လုံးဟာ တူညီကြပါတယ်။ Xperia 1 IV မှာ နောက်ဆုံးထုတ် Qualcomm Snapdragon 8 Gen 1 Chipset မောင်းနှင်ထားနိုင်ပြီး ၆.၅ လက်မ မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ကင်မရာ ၄ လုံးထဲမှာ Periscope ကင်မရာ ပါလာနိုင်ပါတယ်။

Sony to unveil new Xperia phones on May 11 - GSMArena.com news

ပေါက်ကြားသတင်းအရ Xperia 5 IV မှာ Snapdragon 8 Gen 1 Chipset မောင်းနှင်ထားနိုင်ပြီး ၆.၁ လက်မ OLED မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။

Xperia 10 IV ရဲ့ ဒီဇိုင်း အများစုဟာ Xperia 10 III နဲ့ တူညီမှာ ဖြစ်ပြီး ၆ လက်မ OLED မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena