လက်ရှိအချိန်မှာတော့ အသစ်ထွက်လာတဲ့ Sony Xperia 1 II ကို Docomo ဒါမှမဟုတ် au carrier တွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ဒီတိုင်း SIM free ဝယ်လို့မရသေးပါဘူး။ ဒါပေမယ့် လာမယ့် အောက်တိုဘာလ ၃၀ ကစပြီး SIM free ဗားရှင်းကို ဖြန့်ချိနိုင်ဖို့ Sony က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်က Sony Xperia 1 II မှာသုံးထားတဲ့ 12GB of RAM ပမာဏပါ။ အခုအချိန်မှာတော့ 8GB of RAM ဗားရှင်းတွေပဲဝယ်လို့ရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Carrier နဲ့ချိတ်ရောင်းတဲ့ ဟန်းဆက်ဟာ သိုလှောင်မှုပမာဏ 128GB ပဲ ရတာဖြစ်ပြီး SIM free ဗားရှင်းကတော့ 256GB ရမယ်လို့ သိရပါတယ်။

12GB နဲ့ SIM free ကို ဂျပန်ပြည်ပဈေးကွက်တွေမှာ ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာ သေချာမသိရသေးပါဘူး။ ဗားရှင်းသစ်ဟာ Limited Edition ဖြစ်ပြီးတော့ အရောင်က Frosted Black Matte လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိအရောင်တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ နောက်ထပ် အရောင်နှစ်မျိုးက အဖြူနဲ့ ခရမ်းရောင်တွေ ဖြစ်ပါတယ်။

RAM နဲ့ အရောင်တွေကိုဖယ်ထားလိုက်မယ်ဆိုရင် Xperia 1 II ဗားရှင်းသစ် (XQ-AT42) ဟာ လက်ရှိဟန်းဆက်တွေနဲ့ အတူတူပဲလို့ သိရပါတယ်။ ဒါကြောင့် SD865+ ကို မြှင့်တင်ပေးထားတာမျိုးတော့ ရှိလာမှာမဟုတ်ပါဘူး။ ဈေးနှုန်းကတော့ ဂျပန်ယန်း 124,000 (၁၆ သိန်းနီးပါး) သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena