Sony က မျိုးဆက်သစ် PS5 ဂိမ်းစက် ဒီဇိုင်းကို ပြသလိုက်ပါတယ်။ Standard Edition နဲ့ Digital Edition ၂ မျိုးကို ပြသလိုက်ပြီး PS5 ဟာ ရိုးရှင်း လှပသလို ဒေါင်လိုက် ဒီဇိုင်းလည်း ဖြစ်ပါတယ်။ အဖြူရောင်ကို အသားပေးထားပြီး အဖြူရောင် Panel ၂ ခုကြားမှာ အနက်ရောင် ညှပ်ထားပါတယ်။ အရှေ့ဘက် အလယ်နားမှာ USB-A နဲ့ USB-C Port လို့ထင်ရတဲ့ အရာတွေ ပါလာပြီး ထိပ်ဖက်မှာ အပြာရောင် LED နဲ့ လေထွက်ပေါက်တွေ ရှိပါတယ်။ ဂိမ်းစက်ရဲ့ အနောက်ဘက်ကို မမြင်ရသေးပါဘူး။

Digital Edition မှာ 4K UHD Blu-ray Drive မပါတဲ့အတွက် ပိုပြီး ပြားချပ်ပါတယ်။ အဲဒါကလွဲပြီး ဂိမ်းစက် ၂ လုံးရဲ့ ဒီဇိုင်းက တူညီကြပြီး DualSense Controller ဒီဇိုင်းနဲ့ လိုက်ဖက်ပါတယ်။ Microsoft Xbox Series X နဲ့ ယှဉ်ရင် PS5 ဒီဇိုင်းက သိပ္ပံဆန်ပါတယ်။

Sony က ဂိမ်းစက်အသစ်တွေအတွက် Accessory များစွာကိုလည်း ပြသခဲ့ပြီး DualSense Controller မှာ Haptic Feedback နဲ့ မိုက်ကရိုဖုန်း ပါလာပါတယ်။ DualSense Controller ၂ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Charging Station ၊ Motion Tracking အတွက် HD ကင်မရာ ၊ Pulse 3D Wireless Headset အသစ်နဲ့ ဂိမ်းစက်ကို Blu-ray Player ၊ Streaming Box လို သုံးနိုင်တဲ့ Media Remote တို့ ကို ပြသခဲ့ပါတယ်။

Sony က Marvel Spider-Man: Miles Morales, Horizon Forbidden West, Gran Turismo 7, Ratchet & Clank: Rift Apart, Resident Evil Village, NBA 2K21, Deathloop, Hitman III နဲ့ တခြား ဂိမ်းအသစ်တွေကိုလည်း ပြသခဲ့ပါတယ်။ GTA V အတွက် Update ပါလာပြီး ရုပ်ထွက်တွေ ဆန်းသစ်ထားတာ၊ နည်းပညာ တိုးတက်လာတာနဲ့ Content အသစ်တွေ ထည့်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ PS5 ကို ရောင်းမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

Ref : gsmarena