Unicode

ဂျပန်အခြေစိုက်နည်းပညာကုမ္ပဏီကြီး Sony ဟာ အခုရက်ပိုင်းမှာ သူတို့ရဲ့ PlayStation 5 နဲ့ အလုပ်ရှုပ်နေတယ်လို့ ထင်ရပေမယ့် စမတ်ဖုန်းဈေးကွက်ကိုလည်း လက်မလွှတ်သေးကြောင်း သက်သေပြလာခဲ့ပါတယ်။ သူတို့ရဲ့ အဓိက စမတ်ဖုန်းလိုင်းအပ်ဖြစ်တဲ့ Xperia အမှတ်တံဆိပ်အတွက် ထုတ်ကုန်သစ် မိတ်ဆက်မယ့်ရက်ကို ကြေညာလာခဲ့ပြီဖြစ်ပြီး အခုနှစ် MWC ပွဲမှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

သူတို့ထုတ်ပြန်ခဲ့တဲ့ ဖိတ်စာမှာ ဖော်ပြခဲ့တဲ့ ရက်အတိအကျအရ Sony ဟာ ဟန်းဆက်အသစ်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ မိတ်ဆက်ကြေညာသွားမှာဖြစ်ပြီး Livestream လည်း ထုတ်လွှင့်သွားမှာဖြစ်လို့ တိုက်ရိုက်ကြည့်ရှုနိုင်ဦးမှာပါ။

အခုမိတ်ဆက်လာမယ့် Xperia Flagship ဖုန်းကို Xperia 5 Plus အဖြစ် ထုတ်ဖော်လာပြီးနောက် Snapdragon 765 ကိုဝန်းရံတည်ဆောက်ထားမယ့် Mid-range ဟန်းဆက်တစ်ခုကိုပါ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။ ယခင်က Sony Xperia 3 မိသားစုဝင်အဖြစ် သတင်းထွက်ခဲ့ပေမယ့် Xperia 5 Plus အမည်ကို မြင်ရမယ်လို့ ပိုယုံကြည်ရပါတယ်။

ဘာပဲဖြစ်ဖြစ် Sony ရဲ့ ၂၀၂၀ အတွက် ပထမဆုံးစမတ်ဖုန်းမိတ်ဆက်ပွဲကို မြင်ရဖို့ တစ်လခန့်သာ လိုတော့ပြီး ကြားထဲမှာ ဒီဖုန်းအသစ်ရဲ့ နည်းပညာတွေနဲ့ပတ်သက်လို့ ထပ်မံအတည်ပြုလာတာတွေ မြင်ရဦးမှာပါ။

Ref – GSM Arena

Zawgyi

ဂ်ပန္အေျခစိုက္နည္းပညာကုမၸဏီႀကီး Sony ဟာ အခုရက္ပိုင္းမွာ သူတုိ႔ရဲ႕ PlayStation 5 နဲ႔ အလုပ္ရႈပ္ေနတယ္လို႔ ထင္ရေပမယ့္ စမတ္ဖုန္းေစ်းကြက္ကိုလည္း လက္မလႊတ္ေသးေၾကာင္း သက္ေသျပလာခဲ့ပါတယ္။ သူတုိ႔ရဲ႕ အဓိက စမတ္ဖုန္းလိုင္းအပ္ျဖစ္တဲ့ Xperia အမွတ္တံဆိပ္အတြက္ ထုတ္ကုန္သစ္ မိတ္ဆက္မယ့္ရက္ကို ေၾကညာလာခဲ့ၿပီျဖစ္ၿပီး အခုႏွစ္ MWC ပြဲမွာ မိတ္ဆက္လာမွာျဖစ္ပါတယ္။

သူတုိ႔ထုတ္ျပန္ခဲ့တဲ့ ဖိတ္စာမွာ ေဖာ္ျပခဲ့တဲ့ ရက္အတိအက်အရ Sony ဟာ ဟန္းဆက္အသစ္ကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ မိတ္ဆက္ေၾကညာသြားမွာျဖစ္ၿပီး Livestream လည္း ထုတ္လႊင့္သြားမွာျဖစ္လို႔ တုိက္ရုိက္ၾကည့္ရႈႏုိင္ဦးမွာပါ။

အခုမိတ္ဆက္လာမယ့္ Xperia Flagship ဖုန္းကို Xperia 5 Plus အျဖစ္ ထုတ္ေဖာ္လာၿပီးေနာက္ Snapdragon 765 ကိုဝန္းရံတည္ေဆာက္ထားမယ့္ Mid-range ဟန္းဆက္တစ္ခုကိုပါ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ယခင္က Sony Xperia 3 မိသားစုဝင္အျဖစ္ သတင္းထြက္ခဲ့ေပမယ့္ Xperia 5 Plus အမည္ကို ျမင္ရမယ္လို႔ ပုိယုံၾကည္ရပါတယ္။

ဘာပဲျဖစ္ျဖစ္ Sony ရဲ႕ ၂၀၂၀ အတြက္ ပထမဆုံးစမတ္ဖုန္းမိတ္ဆက္ပြဲကို ျမင္ရဖို႔ တစ္လခန္႔သာ လိုေတာ့ၿပီး ၾကားထဲမွာ ဒီဖုန္းအသစ္ရဲ႕ နည္းပညာေတြနဲ႔ပတ္သက္လုိ႔ ထပ္မံအတည္ျပဳလာတာေတြ ျမင္ရဦးမွာပါ။

Ref – GSM Arena