Microsoft က နောက်ထုတ်မယ့် Xbox Series X ရဲ့ သတင်းအချက်အလက်တွေကို မနေ့ကပဲ ပြောကြားခဲ့ပါတယ်။ အခုတော့ Microsoft Xbox ရဲ့ ပြိုင်ဖက် Sony PlayStation ရဲ့ သတင်း ထွက်လာပါတယ်။ Sony က PlayStation 5 ရဲ့ သတင်းအချက်အလက်တွေကို မတ်လ ၁၈ ရက်နေ့မှာ ပြောမယ်လို့ အတည်ပြုလိုက်ပါတယ်။

Official PlayStation Blog ကနေ Live Stream နဲ့ PlayStation 5 ရဲ့ Specs တွေကို System Architect ခေါင်းဆောင် Mark Cherny က ကြေညာမှာ ဖြစ်ပါတယ်။ နောက်မျိုးဆက် PlayStation 5 မှာ Xbox Series X မှာလို 7nm Zen 2 Architecture အခြေပြု Custom-made AMD CPU မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Xbox Series X လို Ray-tracing Support ပါတဲ့ AMD ရဲ့ Radeon Navi Family GPUs ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

Sony PlayStation 5 မှာ Xbox Series X မှာလို SSD ထည့်သွင်းထားမှာ ဖြစ်ပြီး 8K Graphics ထောက်ပံ့တဲ့အတွက် ရုပ်ထွက်အရည်အသွေးက အရမ်းကို လန်းမှာ သေချာပါတယ်။ PlayStation 5 မှာ PlayStation 4 ဂိမ်းတွေကို ကစားနိုင်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena