အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ 3.5mm Audio နားကြပ်ပေါက်ကို ဖြုတ်လာကြတာက တဖြည်းဖြည်းများပြားလာကြပါပြီ။ Apple iPhone 7 က အစပြုခဲ့ရာကနေ အခုအချိန်မှာတော့ Google Pixel 2 ၊ Xiaomi Mi 6 နဲ့ အခြားသော စမတ်ဖုန်းတွေအများအပြားကလည်း Earphone Port ကို ထည့်သွင်းလာခြင်းမရှိတော့ပါဘူး။

အဲ့ဒီလိုမျိုး Earphone ပေါက်မပါဝင်တော့တဲ့ စမတ်ဖုန်းတွေထဲမှာ အခုဆိုရင် Sony လည်း ပါဝင်လာတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ Sony ကနေ အသစ်ထွက်ရှိမယ့် စမတ်ဖုန်းမှာ Audio Jack ပါဝင်တော့မှာမဟုတ်ပဲ Dongle ကနေတစ်ဆင့် USB Type C ပေါက်ကနေပဲ နားထောင်ရမယ်လို့ သိရပါတယ်။

အခြားသော စမတ်ဖုန်းတွေမှာ အခုလိုမျိုး USB ပေါက်ကနေ Dongle နဲ့ သီချင်းနားထောင်တာက ဖုန်းအားသွင်းရင်းနဲ့ သီချင်းနားထောင်လို့ မရတော့တဲ့ အားနည်းချက်ရှိတဲ့အတွက် Sony ကနေ သူရဲ့ USB Dongle မှာ အားသွင်းရင်းနဲ့လည်း သီချင်းနားထောင်လို့ရအောင် Cable ၂ ခုပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Audio Jack ကို ဖြုတ်လိုက်တာက Audio ပိုင်းနဲ့ နာမည်ကြီးတဲ့ Sony စမတ်ဖုန်းတွေအတွက်တော့ အထိနာစရာကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အခုဖုန်းဟာ နောက်လ MWC မှာ ပြသမယ့် Sony Xperia XZ Pro ဖြစ်မယ်လို့လည်း အချို့က ခန့်မှန်းနေကြပါတယ်။