Sony ဟာ ယခုနှစ်မှာလည်း အခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေ ပြောင်းလဲထုတ်လုပ်လာကြတဲ့ Bezel-less Display လို့ပြောလို့ရတဲ့ ဘေးဘောင်တွေကို သေးငယ်အောင် ပြောင်းလဲထုတ်လုပ်တဲ့ပုံစံကို မလိုက်ပဲ ပုံမှန်အတိုင်းပဲ လေးထောင့်ဆန်ဆန်ဖုန်းတွေကိုပဲ ထုတ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Sony က နောက်နှစ်မှာတော့ပြောင်းလဲတော့မှာဖြစ်ပြီး အခုနောက်ပိုင်းအခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေထုတ်လုပ်နေတဲ့ ဘေးဘောင်ပျောက် စမတ်ဖုန်းကို နောက်နှစ်မှာထုတ်လုပ်လာတော့မှာဖြစ်ပါတယ်။

အဆိုပါ Sony စမတ်ဖုန်းရဲ့ နာမည်ကိုတော့ မသိရသေးပေမယ့် Codename အနေနဲ့ H8541 လို့ ပေးထားပြီး 5.7″ 18:9 Ratio 4K HDR Display ကိုပြောင်းလဲတပ်ဆင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း စွမ်းဆောင်ရည်အရတော့ Snapdragon 845 ကိုပဲ သုံးလာမှာဖြစ်ပြီး RAM 4GB, ROM 64GB ပါဝင်မယ်လို့ သိရပါတယ်။ အခြားသော Bluetooth 5.0, Android 8.0 Oreo, 3420mAh Battery နဲ့ Quick Charge 3.0 စနစ်တွေပါဝင်မှာဖြစ်ပြီးတော့ နောက်နှစ်အစောပိုင်းမှာ ထွက်လာမယ်လို့ ယူဆရပါတယ်။