[Zawgyi]

SONY ဟာလည္း အမ်ားနည္းတူ ကိုယ္ပိုင္ Foldable ဖုန္းကို ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဒီ SONY Foldable ဖုန္းကိုေတာ့ Xperia F ဆိုၿပီး အမည္ေပးထားဖြယ္လည္း ရွိေနတာပါ။ တ႐ုတ္ဘက္ကေန ထြက္ေပၚလာတဲ့ သတင္းအရေတာ့ SONY ရဲ႕ လုပ္ေဆာင္မႈေတြက အေစာပိုင္းအဆင့္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြဆီ ေရာက္ေနၿပီလို႔ သိရၿပီး လာမယ့္ႏွစ္မွာ ျဖန႔္ခ်ိဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Xperia F ဟာ SONY ရဲ႕ ထူးျခားတဲ့ပုံစံေတြအတိုင္း 21:9 aspect ratio ရွိေနမယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ေကြးႏိုင္ဆန႔္ႏိုင္ၿပီး ေျပာင္းလြယ္ျပင္လြယ္ျဖစ္တဲ့ Samsung ရဲ႕ OLED panel ကို အသုံးျပဳထားမယ္လို႔လည္း ဆိုပါတယ္။ Xperia F ရဲ႕ ေခါက္ခ်ိဳးပုံစံက ေထာင္လိုက္ေခါက္တဲ့ ပုံစံမ်ိဳး ျဖစ္ဖြယ္ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအတိုင္းဆိုရင္ေတာ့ SONY ရဲ႕ Xperia F ဟာ Samsung နဲ႔ Huawei တို႔ရဲ႕ Foldable Phone ပုံစံေတြနဲ႔ ဆင္တူေနမယ္လို႔ ဆိုရမွာပါ။ ဘယ္လိုပဲတြးေတြး SONY ရဲ႕ 21:9 အခ်ိဳးမ်က္ႏွာျပင္အရ ေထာင္လိုက္ေခါက္ခ်ိဳးပုံစံကပဲ အဆင္အေျပဆုံးျဖစ္မွာပါ။ ဒါေၾကာင့္ ေထာင္လိုက္ေခါက္ခ်ိဳးပုံစံနဲ႔ ထြက္လာမယ္ဆိုတာက ရာခိုင္ႏႈန္းအေတာ္မ်ားတယ္လို႔ ယူဆရပါတယ္။

ေကာလာဟလသတင္းေတြအရေတာ့ SONY ရဲ႕ Xperia F ဟာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီၾကားထဲမွာ 5G စမတ္ဖုန္းကို မထုတ္ျဖစ္ဘူးဆိုရင္ေတာ့ Xperia F ဟာ SONY ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းလည္း ျဖစ္လာႏိုင္ပါတယ္။ အခုအခ်ိန္မွာေတာ့ SONY Xperia F နဲ႔ပတ္သက္တဲ့ သက္ေသအေထာက္အထား၊ အခ်က္အလက္ တစ္စုံတစ္ရာကို ျပသႏိုင္ျခင္းမရွိေသးတာေၾကာင့္ ေသခ်ာတဲ့ အခ်က္အလက္ တစ္ခုခုထြက္လာဖို႔ ဆက္လက္ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Foldable Xperia F ထွက်လာဖို့ လုပ်ဆောင်နေပြီဖြစ်တဲ့ SONY

SONY ဟာလည်း အများနည်းတူ ကိုယ်ပိုင် Foldable ဖုန်းကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီ SONY Foldable ဖုန်းကိုတော့ Xperia F ဆိုပြီး အမည်ပေးထားဖွယ်လည်း ရှိနေတာပါ။ တရုတ်ဘက်ကနေ ထွက်ပေါ်လာတဲ့ သတင်းအရတော့ SONY ရဲ့ လုပ်ဆောင်မှုတွေက အစောပိုင်းအဆင့် ဖွံ့ဖြိုးတိုးတက်မှုတွေဆီ ရောက်နေပြီလို့ သိရပြီး လာမယ့်နှစ်မှာ ဖြန့်ချိဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Xperia F ဟာ SONY ရဲ့ ထူးခြားတဲ့ပုံစံတွေအတိုင်း 21:9 aspect ratio ရှိနေမယ်လို့လည်း ဖော်ပြထားပါတယ်။ ကွေးနိုင်ဆန့်နိုင်ပြီး ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ Samsung ရဲ့ OLED panel ကို အသုံးပြုထားမယ်လို့လည်း ဆိုပါတယ်။ Xperia F ရဲ့ ခေါက်ချိုးပုံစံက ထောင်လိုက်ခေါက်တဲ့ ပုံစံမျိုး ဖြစ်ဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအတိုင်းဆိုရင်တော့ SONY ရဲ့ Xperia F ဟာ Samsung နဲ့ Huawei တို့ရဲ့ Foldable Phone ပုံစံတွေနဲ့ ဆင်တူနေမယ်လို့ ဆိုရမှာပါ။ ဘယ်လိုပဲတွေးတွေး SONY ရဲ့ 21:9 အချိုးမျက်နှာပြင်အရ ထောင်လိုက်ခေါက်ချိုးပုံစံကပဲ အဆင်အပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် ထောင်လိုက်ခေါက်ချိုးပုံစံနဲ့ ထွက်လာမယ်ဆိုတာက ရာခိုင်နှုန်းအတော်များတယ်လို့ ယူဆရပါတယ်။

ကောလာဟလသတင်းတွေအရတော့ SONY ရဲ့ Xperia F ဟာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကြားထဲမှာ 5G စမတ်ဖုန်းကို မထုတ်ဖြစ်ဘူးဆိုရင်တော့ Xperia F ဟာ SONY ရဲ့ ပထမဆုံး 5G စမတ်ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ SONY Xperia F နဲ့ပတ်သက်တဲ့ သက်သေအထောက်အထား၊ အချက်အလက် တစ်စုံတစ်ရာကို ပြသနိုင်ခြင်းမရှိသေးတာကြောင့် သေချာတဲ့ အချက်အလက် တစ်ခုခုထွက်လာဖို့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena