Sony ဟာ လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ Xperia 5 II စမတ်ဖုန်းသစ်ကို အွန်လိုင်းကနေ မိတ်ဆက်သွားမှာ ဖြစ်ပြီး မနှစ်က ထွက်ရှိခဲ့တဲ့ Xperia 5 ရဲ့ တိုက်ရိုက် မျိုးဆက်သစ် ဖြစ်လာမှာပါ။ Xperia 5 II (Mark 2) လို့ အမည်ပေးလာပုံကို ကြည့်ရင် Sony ဟာ ဒီလို ထူးထူးခြားခြား နာမည်ကို စွန့်ခွာဦးမယ့်ပုံ မပေါ်ပါဘူး။

မကြာသေးခင်က Xperia 5 II ရဲ့ Render ပုံတွေကို မြင်တွေ့ခဲ့ရပြီး ယနေ့မှာတော့ Specs တွေပါ ထပ်မံ ပေါက်ကြားလာခဲ့တာပါ။

Xperia 5 II မှာ 6.1” FHD+ OLED Display ပါဝင်ပြီး မြင်ကွင်းအချိုးက 21:9 ဖြစ်ပါတယ်။ သူ့မှာ 120Hz Refresh Rate အမြင့်စား ပါဝင်ပြီး Touch Sampling Rate က 240Hz ထိ ရရှိနိုင်မှာပါ။ ဒီဖုန်းကို ဦးဆောင်လာတာကတော့ Snapdragon 865 ချစ်ပ်ဆက် ဖြစ်ပြီး ခေတ်ပိုမီတဲ့ Plus ဗားရှင်းတော့ မဟုတ်ပါဘူး။ မန်မိုရီက 8GB RAM/128GB Storage တို့ ဖြစ်ပါတယ်။

နောက်ဘက် ကင်မရာတွေက Wide, Ultrawide နဲ့ Tele အမျိုးအစားတွေပါ။ အဓိက ကင်မရာက 12MP f/1.7 ဖြစ်ပြီး Tele နဲ့ Ultrawide ကလည်း ကလည်း 12MP Sensor တွေပါပဲ။ 3x Optical Zoom ရရှိနိုင်မှာဖြစ်ပြီး 120fps ဗီဒီယိုတွေကို 4K HDR နဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

Xperia 5 II ရဲ့ ကိုယ်ထည် အချိုးအစားက 158 x 68 x 8mm ဖြစ်ပြီး ဘက္ထရီကတော့ 4,000 mAh ပါ။ မနှစ်က Xperia 5 မှာ Audio Jack Port မပါပေမယ့် Mark 2 ကတော့ ပြန်လည် ယူဆောင်လာတာကိုလည်း တွေ့ရပါတယ်။

Ref – GSMArena