[Zawgyi]
Sony အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia 1 ကို ဥရောပ ဈေးကွက်တွေမှာ ဖြန့်ချိရောင်းချထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဈေးကွက်ထဲကိုလည်း ဇူလိုင်လ ၁၂ရက်နေ့က စတင်ပြီး ဖြန့်ချိရောင်းချသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ Sony Xperia 1 ကို တရုတ်ပြည်ဈေးကွက်မှာ တရုတ်ငွေ ၆၂၉၉ ယွမ် ( မြန်မာငွေ ၁၄သိန်း ဝန်းကျင် ) နဲ့ Pre-order လက်ခံနေတာ ဖြစ်ပါတယ်။ ဥရောပမှာတော့ ယူရို ၉၄၉ ( မြန်မာငွေ ၁၆၄၀,၀၀၀ ကျပ် ဝန်းကျင် ) နဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် တရုတ်ပြည်ဈေးနှုန်းနဲ့ ယှဉ်မယ်ဆိုရင် ၁၅% အထိ သက်သာမှာပါ။ Xperia 1 ဟာ ကမ္ဘာအနှံ့အပြားက ဈေးကွက်တွေကို မရောက်ရှိသေးပေမယ့် အင်္ဂလန်နဲ့ ဂျာမနီဈေးကွက်တွေမှာတော့ Out of Stock ဖြစ်ကာ ရောင်းကုန်သွားပြီလို့ သိရပါတယ်။
Ref : GsmArena
[Unicode]
၁၄သိန်းတန် Sony Xperia 1 တရုတ်ပြည်စျေးကွက်သို့ ဝင်ရောက်
Sony အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia 1 ကို ဥရောပ စျေးကွက်တွေမှာ ဖြန့်ချိရောင်းချထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်စျေးကွက်ထဲကိုလည်း ဇူလိုင်လ ၁၂ရက်နေ့က စတင်ပြီး ဖြန့်ချိရောင်းချသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ Sony Xperia 1 ကို တရုတ်ပြည်စျေးကွက်မှာ တရုတ်ငွေ ၆၂၉၉ ယွမ် ( မြန်မာငွေ ၁၄သိန်း ဝန်းကျင် ) နဲ့ Pre-order လက်ခံနေတာ ဖြစ်ပါတယ်။ ဥရောပမှာတော့ ယူရို ၉၄၉ ( မြန်မာငွေ ၁၆၄၀,၀၀၀ ကျပ် ဝန်းကျင် ) နဲ့ ရောင်းချနေတာဖြစ်တဲ့အတွက် တရုတ်ပြည်စျေးနှုန်းနဲ့ ယှဥ်မယ်ဆိုရင် ၁၅% အထိ သက်သာမှာပါ။ Xperia 1 ဟာ ကမ္ဘာအနှံ့အပြားက စျေးကွက်တွေကို မရောက်ရှိသေးပေမယ့် အင်္ဂလန်နဲ့ ဂျာမနီစျေးကွက်တွေမှာတော့ Out of Stock ဖြစ်ကာ ရောင်းကုန်သွားပြီလို့ သိရပါတယ်။
Sony Xperia 1 ဟာ 21:9 Aspect ratio ရှိတဲ့ 6.5” OLED Display ကို အသုံးပြုထားတဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အခါမျိူးတွေမှာ တော်တော်လေး အဆင်ပြေစေပါတယ်။ ဒါ့အပြင် သူရဲ့ Display Resolution ကလည်း 1644 x 3840 pixels အထိ ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 855 SoC ကိုအသုံးပြုထားပြီး နောက်ကျောဘက်မှာ Triple Camera Setup တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
12MP Main Camera ကို 12MP Ultrawide + 12MP Telephoto Lens တွေနဲ့ တွဲဖက်တပ်ဆင်ထားတာဖြစ်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Selfie Camera ပါဝင်မှာပါ။ အသံပိုင်းဆိုင်ရာအတွက် Stereo Speaker တွေကို တပ်ဆင်ပေးထားပြီး Dynamic Vibration System နဲ့ Dolby Atmos ထောက်ပံ့မှုစနစ်များလည်း ပါဝင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကို 3330mAh ထည့်သွင်းပေးထားပြီး 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Xperia 1 ဟာ ဘက်ထရီအပိုင်းကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာ အားရစရာကောင်းတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။
Ref : GsmArena