Unicode

Sony ကနေ အခုနောက်ပိုင်းမှာ Xperia စမတ်ဖုန်းတွေ ရောင်းချရနှုန်းက တဖြည်းဖြည်းလျော့နည်းနေပြီဆိုပေမယ့် စမတ်ဖုန်းတွေကိုတော့ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ နောက်လာမယ့်နှစ်မှာလည်း 5G Support ရရှိတဲ့ Flagship ဖုန်း ၅ လုံးအထိ မိတ်ဆက်လာဦးမှာဖြစ်သလို Xperia Compact စမတ်ဖုန်းအသစ်တွေကိုလည္း မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Sony ကနေ လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ Sony Xperia 1 နဲ့ Xperia 5 စမတ်ဖုန်းတွေအတွက် Android 10 Update ကို Stable Version အနေနဲ့ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Samsung Galaxy S10 လိုမျိုး Mainstream Flagship ဖုန်းတွေကတော့ Android 10 ကို အခုမှရရှိတာဖြစ်တဲ့အတွက် Sony အနေနဲ့လည်း Android Update ပိုင်းကို ဆက်လက်အလေးထားနေတုန်းပဲလို့ ယူဆရပါတယ်။

Twitter ၊ Reddit နဲ့ တခြားသော Forum တွေအရတော့ Sony Xperia 1 နဲ့ Xperia 5 ဖုန်းတွေဟာ US နဲ့ ဥရောပနိုင်ငံအတော်များများမှာ Android 10 Update ကိုရရှိနေပြီဖြစ်တယ်လို့သိရပြီးတော့ ကျန်တဲ့နိုင်ငံတွေမှာတော့ ယခုနှစ်ကုန်မှာ Update လုပ်နိုင်မယ်လို့ သိရပါတယ်။

Sony Xperia 1 နဲ့ Xperia 5 စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နဲ့ စက်တင်ဘာလတွေမှာ အသီးသီးမိတ်ဆက်ထားခဲ့တာဖြစ်ပြီးတော့ Snapdragon 855 Processor နဲ့ ပုံမှန်မဟုတ်တဲ့ 21:9 Ratio Display တွေနဲ့ တခြားသော Flagship ဖုန်းတွေနဲ့ယှဥ်ရင် စျေးပိုကြီးတယ်ဆိုပြီး သတ်မှတ်ခံထားရတဲ့ဖုန်းတွေလည်း ဖြစ်ပါတယ်။

Ref – Phone Arena

Zawgyi

Sony ကေန အခုေနာက္ပိုင္းမွာ Xperia စမတ္ဖုန္းေတြ ေရာင္းခ်ရႏႈန္းက တျဖည္းျဖည္းေလ်ာ့နည္းေနၿပီဆိုေပမယ့္ စမတ္ဖုန္းေတြကိုေတာ့ ဆက္လက္ထုတ္လုပ္ေနဆဲျဖစ္ပါတယ္။ ေနာက္လာမယ့္ႏွစ္မွာလည္း 5G Support ရရွိတဲ့ Flagship ဖုန္း ၅ လုံးအထိ မိတ္ဆက္လာဦးမွာျဖစ္သလို Xperia Compact စမတ္ဖုန္းအသစ္ေတြကိုလည္း မိတ္ဆက္သြားဦးမွာျဖစ္ပါတယ္။

အခုအခ်ိန္မွာလည္း Sony ကေန လက္ရွိမိတ္ဆက္ထားၿပီးျဖစ္တဲ့ Sony Xperia 1 နဲ႔ Xperia 5 စမတ္ဖုန္းေတြအတြက္ Android 10 Update ကို Stable Version အေနနဲ႔ ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ Samsung Galaxy S10 လိုမ်ိဳး Mainstream Flagship ဖုန္းေတြကေတာ့ Android 10 ကို အခုမွရရွိတာျဖစ္တဲ့အတြက္ Sony အေနနဲ႔လည္း Android Update ပိုင္းကို ဆက္လက္အေလးထားေနတုန္းပဲလို႔ ယူဆရပါတယ္။

Twitter ၊ Reddit နဲ႔ တျခားေသာ Forum ေတြအရေတာ့ Sony Xperia 1 နဲ႔ Xperia 5 ဖုန္းေတြဟာ US နဲ႔ ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားမွာ Android 10 Update ကိုရရွိေနၿပီျဖစ္တယ္လို႔သိရၿပီးေတာ့ က်န္တဲ့ႏိုင္ငံေတြမွာေတာ့ ယခုႏွစ္ကုန္မွာ Update လုပ္ႏိုင္မယ္လို႔ သိရပါတယ္။

Sony Xperia 1 နဲ႔ Xperia 5 စမတ္ဖုန္းေတြဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ နဲ႔ စက္တင္ဘာလေတြမွာ အသီးသီးမိတ္ဆက္ထားခဲ့တာျဖစ္ၿပီးေတာ့ Snapdragon 855 Processor နဲ႔ ပုံမွန္မဟုတ္တဲ့ 21:9 Ratio Display ေတြနဲ႔ တျခားေသာ Flagship ဖုန္းေတြနဲ႔ယွဥ္ရင္ ေစ်းပိုႀကီးတယ္ဆိုၿပီး သတ္မွတ္ခံထားရတဲ့ဖုန္းေတြလည္း ျဖစ္ပါတယ္။

Ref – Phone Arena