Sony ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Xperia 1 II နာမည်နဲ့ Flagship စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ Xperia 1 II စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Chipset ၊ 4K Display နဲ့ Camera Setup အသစ်တွေလည်း ပါဝင်ခဲ့ပြီး တကယ်ကို တခြားသော Flagship ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

အခုလည်း ၂၀၂၁ ခုနှစ်ရောက်တော့မှာဖြစ်သလို Sony Xperia 1 III စမတ်ဖုန်းရဲ့ သတင်းတွေကလည်း စတင်ပေါက်ကြားလာပြီဖြစ်ပါတယ်။ အရင်ဆုံး သတင်းကောင်းအနေနဲ့ကတော့ Design ပိုင်းနဲ့ စျေးနှုန်းကို ပြောင်းလဲဖို့မရှိဘဲ Specification ပိုင်းကိုပဲ အဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။

Sony Xperia 1 III စမတ်ဖုန်းဟာ 6.5″ 4K OLED HDR Display ကိုထည့်သွင်းထားမှာဖြစ်ပြီး တခြားသော Sony ဖုန်းတွေအတိုင်းပဲ 21:9 Aspect Ratio နဲ့ပဲ မိတ်ဆက်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း Xperia 1 III ရဲ့ စျေးဖြစ်တဲ့ $1,199 (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) နဲ့ပဲ ဆက်လက်ရောင်းချလာမှာဖြစ်ပါတယ်။

Display အနေနဲ့ကတော့ ယခင်ထက် ၁၅ ရာခိုင်နှုန်းပိုပြီး Brightness ကောင်းမွန်လာမယ်ပဲ ပြောကြားထားပြီး Refresh Rate အပိုင်းကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ Snapdragon 888 Chipset ကိုမှ RAM 8GB ၊ 256GB Storage တွေပါဝင်မှာဖြစ်ပြီး Fingerprint Sensor ကိုတော့ Side-mounted အနေနဲ့ပဲ အသုံးပြုထားမှာပါ။

ကျန်တဲ့ Camera နဲ့ Battery ပိုင်းကိုတော့ အတိအကျမသိရသေးပေမယ့် ဘာပဲဖြစ်ဖြစ် Sony အနေနဲ့ Flagship ဖုန်းတွေဘက်ကို အခုလိုမျိုး ပြန်လည်အာရုံစိုက်လာတာကိုတော့ ဝမ်းသာရမှာပါ။

Ref – Gizmo China