Sony က Xperia 10 III ရဲ့ Lite Version ကို ဂျပန်မှာ ကြေညာလိုက်ပါတယ်။ Sony Xperia 10 III Lite မှာ 128GB Storage အစား 64GB Storage ကိုပဲ ထည့်သွင်းထားပြီး microSD Card Slot တပ်ဆင်ထားပါတယ်။ RAM ပမာဏက 6GB ဖြစ်ပြီး Lite မော်ဒယ်မှာ Single SIM ပဲ ထောက်ပံ့ထားပါတယ်။ eSIM ပါတဲ့ အတွက် နောက်ထပ် ဖုန်း လိုင်း ၁ ခု အသုံးပြုနိုင်ပါတယ်။

Sony Xperia 10 III Lite quietly unveiled in Japan: half the storage lost, eSIM gained

FM Radio Support မပါလာတော့ဘဲ 3.5mm Headphone Jack ထည့်သွင်းထားပါတယ်။ ကျန်တဲ့ Specs အားလုံးက Xperia 10 III နဲ့ တူညီပြီး ၆ လက်မ 1080p+ OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Snapdragon 690 Chipset မောင်းနှင်ထားပြီး 4,500mAh ဘက်ထရီ ပါလာပါတယ်။ 30W Fast Charging နဲ့ IP68 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

Sony Xperia 10 III Lite pictures, official photos

ကင်မရာတွေကလည်း တူညီပြီး 12MP Main, 8MP Telephoto နဲ့ 8MP Ultrawide ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။ အနက်၊ အဖြူ၊ အပြာနဲ့ ပန်းရောင် ထုတ်လုပ်ပေးထားပြီး ဒီလ ၂၇ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

ဂျပန်မှာ ယမ်း ၄၆,၈၀၀ (၄၂၅ ဒေါ်လာ )ကျသင့်မှာ ဖြစ်ပြီး မြန်မာငွေ ၇ သိန်းလောက် တန်ကြေးရှိပါတယ်။ Sony Xperia 10 III ကိုတော့ ယမ်း ၅၁,၄၈၀ နဲ့ ရောင်းပေးထားပြီး ၁၀ ရာခိုင်နှုန်းလောက် ဈေးပိုများပါတယ်။

Ref : gsmarena