[Zawgyi]

Sony ရဲ႕ Xperia 1 နဲ႔ Xperia 10 ေတြေနာက္ပိုင္းမွာ Compact ဖုန္းေတြကို ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဘာမွဆက္မေတြ႕ရေတာ့ပါဘူး။ XZ3 ကိုဆက္ခံတဲ့ဖုန္းမ်ိဳးလည္း ထြက္မလာေတာ့ပါဘူး။ ဒီေနာက္ပိုင္းမွာေတာ့ Compact model သစ္ေတြဟာ Mid-range ေတြ အေနနဲ႔ထြက္လာမယ္လို႔ ေကာလာဟလေတြ နည္းနည္းၾကားခဲ့ရပါတယ္။


Sony Xperia 4 ကေတာ့ Compact line ထဲကို ေရာက္မယ္၊ Mid-range လိုအေနအထားျဖစ္လာမယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။ အထူးသျဖင့္ Esato forums ေနရာမ်ိဳးကေနစၿပီး က်ယ္က်ယ္ပ်ံ႕ပ်ံ႕အသံထြက္လာတာမ်ိဳး ျဖစ္ပါတယ္။ အလားတူပဲ Xperia Compacts ေမာ္ဒယ္ေဟာင္းႏွစ္မ်ိဳးနဲ႔ အသစ္ထြက္မယ့္ ေမာ္ဒယ္ကို ႏႈိင္းယွဥ္ျပထားတဲ့ ပုံေတြလည္း ထြက္ေပၚလာပါေတာ့တယ္။

Xperia 4 ရဲ႕ပုံစံကေတာ့ ႐ိုးရွင္းပါတယ္။ အရင္ Compacts ေဟာင္းေတြရဲ႕ အက်ယ္ကို ဆက္ယူထားမယ္။ 66mm ပဲဆက္ထားမယ္။ ဒါေပမယ့္ မ်က္ႏွာျပင္အခ်ိဳးကိုေတာ့ 21:9 aspect ratio ျဖစ္ေအာင္လို႔ ေျပာင္းလဲလိုက္မယ္ဆိုတဲ့ အႀကံဉာဏ္ျဖစ္ပါတယ္။ Xperia XZ2 Compact က 18:9 ျဖစ္ေပမယ့္ က်န္တဲ့အမ်ားစုကေတာ့ 16:9 ပဲ ျဖစ္ခဲ့ပါတယ္။


အခုလိုမ်ိဳး 21:9 အခ်ိဳးနဲ႔မ်က္ႏွာျပင္အျဖစ္ ေျပာင္းလိုက္တာက Xperia 4 ရဲ႕ သြင္ျပင္လကၡဏာတစ္ရပ္အျဖစ္ ေပၚေပါက္လာဖြယ္ ရွိပါတယ္။ ေနာက္တစ္ခ်က္က Snapdragon 710 chipset ကို အသုံးျပဳလာမယ္လို႔ ေကာလာဟလထြက္ေပၚလာတာပါ။ ဒါဟာ Mid-range အသြင္ျဖစ္လာမယ္ဆိုတဲ့ သတင္းကို ပိုၿပီးခိုင္မာလာေစတဲ့ အခ်က္တစ္ခ်က္လို႔ ဆိုႏိုင္ပါတယ္။

ေနာက္ဆုံးၾကားသိရတာက Xperia 4 ဟာ Xperia XZ2 Compact ထက္ ပိုပါးလႊာတဲ့ဖုန္းအျဖစ္ 8.3mm ဆိုတဲ့ ပမာဏနဲ႔ ထြက္ေပၚလာမယ္ဆိုတာပါပဲ။ ဒါ့အျပင္ 3.5mm jack ကိုေတာ့ ထည္သြင္းျခင္းရွိေတာ့မွာမဟုတ္ဘူးလို႔လည္း ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တရားဝင္ထြက္လာတဲ့ သတင္းမဟုတ္ေသးတာေၾကာင့္ ေကာလာဟလအဆင့္မွာပဲထားၿပီး ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

Compact Line ထဲဝင်လာဖွယ်ရှိတဲ့ Sony Xperia 4

Sony ရဲ့ Xperia 1 နဲ့ Xperia 10 တွေနောက်ပိုင်းမှာ Compact ဖုန်းတွေကို မျှော်လင့်ခဲ့ကြပေမယ့် ဘာမှဆက်မတွေ့ရတော့ပါဘူး။ XZ3 ကိုဆက်ခံတဲ့ဖုန်းမျိုးလည်း ထွက်မလာတော့ပါဘူး။ ဒီနောက်ပိုင်းမှာတော့ Compact model သစ်တွေဟာ Mid-range တွေ အနေနဲ့ထွက်လာမယ်လို့ ကောလာဟလတွေ နည်းနည်းကြားခဲ့ရပါတယ်။


Sony Xperia 4 ကတော့ Compact line ထဲကို ရောက်မယ်၊ Mid-range လိုအနေအထားဖြစ်လာမယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အထူးသဖြင့် Esato forums နေရာမျိုးကနေစပြီး ကျယ်ကျယ်ပျံ့ပျံ့အသံထွက်လာတာမျိုး ဖြစ်ပါတယ်။ အလားတူပဲ Xperia Compacts မော်ဒယ်ဟောင်းနှစ်မျိုးနဲ့ အသစ်ထွက်မယ့် မော်ဒယ်ကို နှိုင်းယှဉ်ပြထားတဲ့ ပုံတွေလည်း ထွက်ပေါ်လာပါတော့တယ်။

Xperia 4 ရဲ့ပုံစံကတော့ ရိုးရှင်းပါတယ်။ အရင် Compacts ဟောင်းတွေရဲ့ အကျယ်ကို ဆက်ယူထားမယ်။ 66mm ပဲဆက်ထားမယ်။ ဒါပေမယ့် မျက်နှာပြင်အချိုးကိုတော့ 21:9 aspect ratio ဖြစ်အောင်လို့ ပြောင်းလဲလိုက်မယ်ဆိုတဲ့ အကြံဉာဏ်ဖြစ်ပါတယ်။ Xperia XZ2 Compact က 18:9 ဖြစ်ပေမယ့် ကျန်တဲ့အများစုကတော့ 16:9 ပဲ ဖြစ်ခဲ့ပါတယ်။


အခုလိုမျိုး 21:9 အချိုးနဲ့မျက်နှာပြင်အဖြစ် ပြောင်းလိုက်တာက Xperia 4 ရဲ့ သွင်ပြင်လက္ခဏာတစ်ရပ်အဖြစ် ပေါ်ပေါက်လာဖွယ် ရှိပါတယ်။ နောက်တစ်ချက်က Snapdragon 710 chipset ကို အသုံးပြုလာမယ်လို့ ကောလာဟလထွက်ပေါ်လာတာပါ။ ဒါဟာ Mid-range အသွင်ဖြစ်လာမယ်ဆိုတဲ့ သတင်းကို ပိုပြီးခိုင်မာလာစေတဲ့ အချက်တစ်ချက်လို့ ဆိုနိုင်ပါတယ်။

နောက်ဆုံးကြားသိရတာက Xperia 4 ဟာ Xperia XZ2 Compact ထက် ပိုပါးလွှာတဲ့ဖုန်းအဖြစ် 8.3mm ဆိုတဲ့ ပမာဏနဲ့ ထွက်ပေါ်လာမယ်ဆိုတာပါပဲ။ ဒါ့အပြင် 3.5mm jack ကိုတော့ ထည်သွင်းခြင်းရှိတော့မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားဝင်ထွက်လာတဲ့ သတင်းမဟုတ်သေးတာကြောင့် ကောလာဟလအဆင့်မှာပဲထားပြီး စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena