Sony ဟာ ယခုနှစ်အစောပိုင်းတုန်းက Xperia 1 II Flagship ဖုန်းကို မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာလည်း နောက်ထပ် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Xperia 5 II ကိုပါ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Xperia 5 II ဟာ ယခင်တုန်းက မိတ်ဆက်ခဲ့ဖူးတဲ့ Xperia 5 အစားထိုးထွက်ရှိလာတာလည်းဖြစ်ပါတယ်။

Xperia 5 II ဟာ Display ပိုင်းအနေနဲ့ 6.1″ OLED Display ကို အသုံးပြုထားပြီး 4K Resolution အစား Full HD+ ကိုမှ 120Hz Refresh Rate အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ Sony စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Ultrawide 21:9 Aspect Ratio ကိုလည်း အသုံးပြုထားဦးမှာပါ။ HDR နဲ့ Creator Mode လိုမျိုး Feature တွေကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ Touch Sampling Rate အနေနဲ့ 240Hz အထိရှိတဲ့အတွက် Touch Sensing အပိုင်းမှာ တော်တော်လေးကို ကောင်းမွန်မှာပါ။

Performance ပိုင်းမှာကတော့ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ 128GB သို့မဟုတ် 256GB ပါဝင်မှာဖြစ်ပြီး MicroSD Card Slot လည်းပါဝင်မှာပါ။ 5G Network ကိုလည်း တချို့သော Region တွေမှာ Support ပြုလုပ်မယ်လို့ သိရပါတယ်။

Camera Setup အနေနဲ့လည်း Xperia 1 II လိုမျိုးပဲ 12MP Triple Camera Setup ကို အသုံးပြုထားပြီး Focal Length တွေအနေနဲ့ 16mm ၊ 24mm နဲ့ 70mm ဆိုပြီး ရွေးချယ်နိုင်မှာပါ။ ဒါပေမယ့် Xperia 1 II မှာပါဝင်တဲ့ ToF Sensor ကတော့ ပါဝင်မှာမဟုတ်တော့ပါဘူး။ Video ပိုင်းအနေနဲ့ကတော့ 4K 120fps Slow Motion တွေကိုပါ HDR အနေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ZEISS T* Anti-reflective Coating ၊ Eye Autofocus နဲ့ 20fps Burst Shot လိုမျိုး Feature တွေလည်း ဆက်လက်ထည့်သွင်းထားပါသေးတယ်။

Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ကိုမှ 18W USB-C PD Charger ထည့်သွင်းပေးထားတာဖြစ်ပြီး အမြင့်ဆုံး 21W အထိ အားသွင်းနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် 18W Charger နဲ့တင် 0-50% ကို နာရီဝက်အတွင်း ပြန်လည်အားသွင်းနိုင်မှာပါ။

Audio ပိုင်းမှာလည်း 3.5mm Audio Jack ၊ Front Firing Stereo Speaker တွေအပြင် Dolby Atmos ၊ 360 Reality Audio တွေပါ ပါဝင်ဦးမယ်လို့ သိရပါတယ်။ Sony Xperia 5 II ဟာ စျေးနှုန်းအနေနဲ့ $950 (မြန်မာငွေ ၁၂သိန်းခွဲ ဝန်းကျင်) ကျသင့်မှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင် Pre-order ရယူသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် စတင်ရောင်းချမယ့်အချိန်ကတော့ ဒီဇင်ဘာလ ၄ ရက်နေ့မှဖြစ်မယ်လို့ သိရပါတယ်။

Ref – GSM Arena