[Unicode]

ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက Sony ဟာ Xperia 5 ကို ပွဲထုတ်ခဲ့ပါတယ်။ အခုတော့ ဂျပန်အခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီကြီးဟာ Xperia 5 ရဲ့မျိုးကွဲတစ်ခုဖြစ်တဲ့ Xperia 5 Plus ကို ဆက်ပြီးထုတ်လုပ်ရောင်းချတော့မယ့် အနေအထားတစ်ရပ်ကို တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Sony Xperia 5 Plus ရဲ့ ဒီဇိုင်းဟာ Vanilla 5 လိုမျိုး လေးထောင့်စပ်စပ် ဒီဇိုင်းမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် OLED မျက်နှာပြင်အရွယ်အစားက 6.6-inch ဖြစ်ပြီး ထိပ်ပိုင်းနဲ့အောက်ခြေတို့မှာ ကျဉ်းမြောင်းတဲ့ Bezel တွေနဲ့ ဖြစ်ပါတယ်။ Xperia 5 Plus ဟာ မျက်နှာပြင်ဘက်မှာ စပီကာနှစ်လုံး တပ်ဆင်ပေးထားပါတယ်။ 8.1mm အထူမှာ ဒီလိုမျိုး ထည့်သွင်းပေးထားတာကတော့ လန်းတယ်လို့ပဲ ဆိုရမှာပါ။

Plus မျိုးကွဲကလည်း Vanilla 5 လိုမျိုးပဲ ညာဘက်ဘောင်မှာ ပါဝါခလုတ်နဲ့ Fingerprint ၊ အသံအတိုးအချဲ့ခလုတ်နဲ့ ကင်မရာ Shutter ခလုတ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဘယ်ဘက်ခြမ်းမှာတော့ SIM ကတ်ထည့်ပေါက်ရှိပါတယ်။ အောက်ခြေမှာတော့ USB-C ပေါက်ရှိပါတယ်။ Xperia 5 မှာ 3.5mm headphone jack မပါဝင်ခဲ့ပေမယ့် Plus အမျိုးကွဲမှာတော့ ထိပ်ဘက်မှာ ပြန်လည်ထည့်သွင်းပေးထားတာ မြင်တွေ့ရပါတယ်။

Sony Xperia 5 Plus ဟာ 8MP selfie ကင်မရာ တပ်ဆင်ထားတယ်လို့ သတင်းထွက်ထားပါတယ်။ ကျောဘက်မှာတော့ ToF unit အပါအဝင် ကင်မရာလေးလုံးကို အထက်အောက် တန်းစီပြီး တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ အဓိကအစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းမထွက်သေးဘဲ ခုထိဖုံးကွယ်နေတုန်း ဖြစ်ပါတယ်။ Vanilla 5 က Snapdragon 855 SoC နဲ့ဖြစ်တာကြောင့် Plus မော်ဒယ်မှာတော့ Snapdragon 865 လောက်ကို မျှော်လင့်လို့ ရနိုင်ပါတယ်။

Ref: GSM Arena

[Zawgyi]

Headphone jack နဲ႔ မ်က္ႏွာျပင္ဘက္မွာ စပီကာႏွစ္လုံးပါဝင္တဲ့ Sony Xperia 5 Plus ရဲ႕ ႐ုပ္ပုံမ်ား ထြက္ေပၚလာ

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာတုန္းက Sony ဟာ Xperia 5 ကို ပြဲထုတ္ခဲ့ပါတယ္။ အခုေတာ့ ဂ်ပန္အေျခစိုက္ အီလက္ထေရာနစ္ကုမၸဏီႀကီးဟာ Xperia 5 ရဲ႕မ်ိဳးကြဲတစ္ခုျဖစ္တဲ့ Xperia 5 Plus ကို ဆက္ၿပီးထုတ္လုပ္ေရာင္းခ်ေတာ့မယ့္ အေနအထားတစ္ရပ္ကို ေတြ႕ျမင္လာရၿပီ ျဖစ္ပါတယ္။

Sony Xperia 5 Plus ရဲ႕ ဒီဇိုင္းဟာ Vanilla 5 လိုမ်ိဳး ေလးေထာင့္စပ္စပ္ ဒီဇိုင္းမ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ OLED မ်က္ႏွာျပင္အ႐ြယ္အစားက 6.6-inch ျဖစ္ၿပီး ထိပ္ပိုင္းနဲ႔ေအာက္ေျခတို႔မွာ က်ဥ္းေျမာင္းတဲ့ Bezel ေတြနဲ႔ ျဖစ္ပါတယ္။ Xperia 5 Plus ဟာ မ်က္ႏွာျပင္ဘက္မွာ စပီကာႏွစ္လုံး တပ္ဆင္ေပးထားပါတယ္။ 8.1mm အထူမွာ ဒီလိုမ်ိဳး ထည့္သြင္းေပးထားတာကေတာ့ လန္းတယ္လို႔ပဲ ဆိုရမွာပါ။

Plus မ်ိဳးကြဲကလည္း Vanilla 5 လိုမ်ိဳးပဲ ညာဘက္ေဘာင္မွာ ပါဝါခလုတ္နဲ႔ Fingerprint ၊ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ ကင္မရာ Shutter ခလုတ္ကို တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ဘယ္ဘက္ျခမ္းမွာေတာ့ SIM ကတ္ထည့္ေပါက္ရွိပါတယ္။ ေအာက္ေျခမွာေတာ့ USB-C ေပါက္ရွိပါတယ္။ Xperia 5 မွာ 3.5mm headphone jack မပါဝင္ခဲ့ေပမယ့္ Plus အမ်ိဳးကြဲမွာေတာ့ ထိပ္ဘက္မွာ ျပန္လည္ထည့္သြင္းေပးထားတာ ျမင္ေတြ႕ရပါတယ္။

Sony Xperia 5 Plus ဟာ 8MP selfie ကင္မရာ တပ္ဆင္ထားတယ္လို႔ သတင္းထြက္ထားပါတယ္။ ေက်ာဘက္မွာေတာ့ ToF unit အပါအဝင္ ကင္မရာေလးလုံးကို အထက္ေအာက္ တန္းစီၿပီး တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။ အဓိကအစိတ္အပိုင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း သတင္းမထြက္ေသးဘဲ ခုထိဖုံးကြယ္ေနတုန္း ျဖစ္ပါတယ္။ Vanilla 5 က Snapdragon 855 SoC နဲ႔ျဖစ္တာေၾကာင့္ Plus ေမာ္ဒယ္မွာေတာ့ Snapdragon 865 ေလာက္ကို ေမွ်ာ္လင့္လို႔ ရႏိုင္ပါတယ္။

Ref: GSM Arena