[Zawgyi]

Xperia XA3 ရဲ႕ သတင္းေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက ထြက္ေပၚခဲ့ဖူးပါတယ္။ အဲ့ဒီအခ်ိန္တုန္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ Xperia XA3 ဟာ Aspect Ratio 18:9 Display နဲ႔ ပြဲထြက္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုခဲ့ၾကပါတယ္။ ဒါေပမယ့္ မေန႔တုန္းက ထြက္ေပၚခဲ့တဲ့ Render ဓာတ္ပုံေတြအရဆိုရင္ေတာ့ Xperia XA3 မွာ Xperia XZ4 လိုမ်ိဴး Aspect Ratio 21:9 Display ကို အသုံးျပဳထားမွာပါ။

Render ဓာတ္ပုံေတြကို ၾကည့္ျခင္းအားျဖင့္ Xperia XA3 ဟာ ခပ္ရွည္ရွည္ Display ကို အသုံးျပဳထားတယ္ဆိုတာ ေပၚလြင္ေစပါတယ္။ ေအာက္က Chin ေသးသေလာက္ အေပၚက Bezel ႀကီးေနတာကိုလည္း သတိထားမိၾကမွာပါ။ ေနာက္ေက်ာဘက္မွာ Dual Camera ကို အလ်ားလိုက္တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ေကာလဟလသတင္းေတြအရဆိုရင္ေတာ့ အဆိုပါ Dual Camera ဟာ 23MP Sensor နဲ႔ 8MP Sensor ေတြကို ေပါင္းစပ္တပ္ဆင္ထားတာျဖစ္တယ္လို႔ သိရပါတယ္။ Security အပိုင္းအတြက္ ေဘးဘက္ ေဘာင္ထဲမွာ ထည့္သြင္းတပ္ဆင္ထားမယ့္ Side-mounted Fingerprint Sensor ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဖုန္းရဲ႕ ေအာက္ဘက္မွာေတာ့ USB Type-C နဲ႔ Speakers အေပါက္ေတြကိုသာ ေတြ႕ရၿပီး Headphone Jack အေပါက္ကို မေတြ႕ရပါဘူး။

ဒီတစ္ေခါက္ ထြက္ေပၚလာတဲ့ အခ်က္အလက္ေတြမွာ Xperia XA3 ရဲ႕ Display အ႐ြယ္အစားကို အတိအက် ေဖာ္ျပထားျခင္းမရွိပါဘူး။ ဒါေပမယ့္ အရင္တုန္းက ထြက္ေပၚခဲ့ဖူးတဲ့ အခ်က္အလက္ေတြအရဆိုရင္ေတာ့ ၅.၉လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Display ကို အသုံးျပဳထားႏိုင္ပါတယ္။ ေနာက္ၿပီး Resolution ကလည္း 1080 x 2560 Pixels အထိ ရွိႏိုင္ပါတယ္။ Sony အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Xperia XA3 ကို လာမယ့္ MWC 2019 မွာ မိတ္ဆက္သြားႏိုင္ဖြယ္ ရွိပါတယ္။

Ref : Xda-developer

[Unicode]

Sony Xperia XZ4 လိုမျိူး ခပ်ရှည်ရှည် Display နဲ့ ပွဲထွက်လာနိုင်တဲ့ Xperia XA3

Xperia XA3 ရဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ Xperia XA3 ဟာ Aspect Ratio 18:9 Display နဲ့ ပွဲထွက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မနေ့တုန်းက ထွက်ပေါ်ခဲ့တဲ့ Render ဓာတ်ပုံတွေအရဆိုရင်တော့ Xperia XA3 မှာ Xperia XZ4 လိုမျိူး Aspect Ratio 21:9 Display ကို အသုံးပြုထားမှာပါ။

Render ဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် Xperia XA3 ဟာ ခပ်ရှည်ရှည် Display ကို အသုံးပြုထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ အောက်က Chin သေးသလောက် အပေါက Bezel ကြီးနေတာကိုလည်း သတိထားမိကြမှာပါ။ နောက်ကျောဘက်မှာ Dual Camera ကို အလျားလိုက်တပ်ဆင်ထားတာ တွေ့ရပါတယ်။ ကောလဟလသတင်းတွေအရဆိုရင်တော့ အဆိုပါ Dual Camera ဟာ 23MP Sensor နဲ့ 8MP Sensor တွေကို ပေါင်းစပ်တပ်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ Security အပိုင်းအတွက် ဘေးဘက် ဘောင်ထဲမှာ ထည့်သွင်းတပ်ဆင်ထားမယ့် Side-mounted Fingerprint Sensor ကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့ အောက်ဘက်မှာတော့ USB Type-C နဲ့ Speakers အပေါက်တွေကိုသာ တွေ့ရပြီး Headphone Jack အပေါက်ကို မတွေ့ရပါဘူး။

ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့ အချက်အလက်တွေမှာ Xperia XA3 ရဲ့ Display အရွယ်အစားကို အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ အချက်အလက်တွေအရဆိုရင်တော့ ၅.၉လက်မ မျက်နှာပြင် အကျယ်ရှိ Display ကို အသုံးပြုထားနိုင်ပါတယ်။ နောက်ပြီး Resolution ကလည်း 1080 x 2560 pixels အထိ ရှိနိုင်ပါတယ်။ Sony အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Xperia XA3 ကို လာမယ့် MWC 2019 မှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိပါတယ်။

Ref : Xda-developer