[Zawgyi]

Sony ဆီကေန အေျပာင္းအလဲေလးေတြကို ေမွ်ာ္လင့္ေနတဲ့ သူတစ္ခ်ိဳ႕အတြက္ေတာ့ ဒါက စိ္တ္ဝင္စားဖို႔ေကာင္းမလား? စိတ္ပ်က္သြားေစႏုိင္မလားေတာ့ စဥ္းစားစရာေတြ ျဖစ္လာပါျပီ။ Sony က မၾကာခင္မွာ Xperia XA3 ကို မိတ္ဆက္ေတာ့မွာဆိုေတာ့ ဘယ္လို ဒီဇုိင္းကာလာအေနအထားနဲ႔ ထြက္လာမလဲ ဆိုတဲ့ စိတ္ဝင္စားမႈကလည္း တျဖည္းျဖည္းျမင့္တက္လာေနပါတယ္။

သတင္းေတြအရဆို Xperia XZ4 Flagship ဖုန္းမွာ ပါလာႏုိင္တယ္ဆိုတဲ့ 21:9 Screen လုိပဲ  ဒီ XA3 လည္း ခပ္ရွည္ရွည္ Display တစ္ခုနဲ႔ ဖုန္းအေနနဲ႔ ထြက္လာမယ့္ပံုပါပဲ။ ဂ်ပန္ သတင္းဆုိဒ္တစ္ခုကေတာ့ Sony Xperia XA3 ကို လက္ထဲမွာ ကိုင္ထားတဲ့ Hands-On ပံုေလးေတြကို ထုတ္ျပလိုက္ပါတယ္။

ပံုမွာျမင္ရတဲ့အတိုင္းဆို Sony Xperia XA3 ရဲ႕ အေပၚဘက္ Bezel က Sony တို႔ထံုးစံအတိုင္း ေတာ္ေတာ္ထူေနေသးျပီးေတာ့ ေအာက္ဘက္ Bezel (Chin) ေလးက ေတာ္ေတာ္ေသးေနတာေလးကေတာ့ Sony မဟုတ္သလိုပါပဲ။ အရင္ေန႔က Leak ေတြ ထြက္ထားသလိုပါပဲ။ ထံုးစံအတိုင္း အေပၚဘက္ Bezel မွာ  Selfie Camera, Ear Piece နဲ႔ တျခား Sensor ေတြကို ထားထားမွာပါ။

Navigation Bar ကိုၾကည့္ရတာေတာ့ Android 9 Pie တင္ထားတာ ျဖစ္ႏုိင္ျပီး ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတာ့ Dual Camera ကို အလ်ားလိုက္ထားထားပါတယ္။ ေနာက္ဘက္မွာေတာ့ Fingerprint Sensor ကို မေတြ႔ေနရတဲ့ အေၾကာင္းရင္းက ေဘးဘက္မွာ ျပန္လည္ထားလိုက္လို႔ပါပဲ။ Sony Fan ေတြအတြက္ေတာ ့ဝမ္းသာစရာပါ။

Specifications (Rumors)

Sony XA Series ရဲ႕ အဖြဲ႔ဝင္သစ္ေလး ျဖစ္လာမယ့္ Xperia XA3 ရဲ႕ Specs ေလးေတြကို ထြက္ထားသေလာက္ Rumors ေတြအတိုင္း ေျပာရမယ္ဆိုရင္ Display Size 5.9″ ကေန 6.5″ ေလာက္ထိရိွႏုိင္တဲ့ Full HD+ Resolution နဲ႔ Display ကို သံုးထားႏုိင္ပါတယ္။

Snapdragon 660 Chipset ကို သံုးထားျပီး တစ္ခ်ိဳ႕ေတြ ခန္႔မွန္းပံုအရဆိုရင္လည္း Snapdragon 636 ပဲသံုးမယ္လို႔ သတင္းသဲ့သဲ့ၾကားေနရတုန္းပါပဲ။ RAM 6GB, Storage 64GB နဲ႔ ေက်ာဘက္ကင္မရာ၂လံုးထဲက Main Sensor ကေတာ့ 23MP ရိွမွာျဖစ္ျပီး Battery ပမာဏကိုေတာ့ ခုထိမေဖ္ာျပေသးပါဘူး။

ခုခ်ိန္ထိေတာ့ Xperia XA3 လား XA3 Ultra/Plus လား အတိအက်မသိရေသးေပမယ့္ XA3 လို႔ ထြက္လာဖို႔ေတာ့ မ်ားပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီလ ၂၅ရက္ေန႔က်ရင္လည္း စပိန္ႏုိင္ငံ ဘာစီလိုနာျမိဳ႕ MWC ပြဲ က်င္းပတဲ့အခ်ိန္မွာ ဒီဖုန္းေတြနဲ႔အတူတူ Entry-Level ဖုန္း ျဖစ္လာမယ့္ Xperaia L3 ေလးေတြကိုလည္း မိတ္ဆက္လာမယ္လို႔ သတင္းေတြထြက္ေနပါျပီ။

ဒီေန႔ သတင္းထြက္လာတဲ့ Sony Xperia XA3 အေပၚ Sony Fan တစ္ေယာက္အေနနဲ႔ ျမင္ၾကည့္မယ္ဆိုရင္ စိတ္တုိင္းက်စရာ ဒီဇုိင္းတစ္ခု ျဖစ္ႏုိင္ပါ့မလား??

Source: GizmoChina

[Unicode]

Sony ဆီကနေ အပြောင်းအလဲလေးတွေကို မျှော်လင့်နေတဲ့ သူတစ်ချို့အတွက်တော့ ဒါက စိတ်ဝင်စားဖို့ကောင်းမလား? စိတ်ပျက်သွားစေနိုင်မလားတော့ စဉ်းစားစရာတွေ ဖြစ်လာပါပြီ။ Sony က မကြာခင်မှာ Xperia XA3 ကို မိတ်ဆက်တော့မှာဆိုတော့ ဘယ်လို ဒီဇိုင်းကာလာအနေအထားနဲ့ ထွက်လာမလဲ ဆိုတဲ့ စိတ်ဝင်စားမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။

သတင်းတွေအရဆို Xperia XZ4 Flagship ဖုန်းမှာ ပါလာနိုင်တယ်ဆိုတဲ့ 21:9 Screen လိုပဲ  ဒီ XA3 လည်း ခပ်ရှည်ရှည် Display တစ်ခုနဲ့ ဖုန်းအနေနဲ့ ထွက်လာမယ့်ပုံပါပဲ။ ဂျပန် သတင်းဆိုဒ်တစ်ခုကတော့ Sony Xperia XA3 ကို လက်ထဲမှာ ကိုင်ထားတဲ့ Hands-On ပုံလေးတွေကို ထုတ်ပြလိုက်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်းဆို Sony Xperia XA3 ရဲ့ အပေါ်ဘက် Bezel က Sony တို့ထုံးစံအတိုင်း တော်တော်ထူနေသေးပြီးတော့ အောက်ဘက် Bezel (Chin) လေးက တော်တော်သေးနေတာလေးကတော့ Sony မဟုတ်သလိုပါပဲ။ အရင်နေ့က Leak တွေ ထွက်ထားသလိုပါပဲ။ ထုံးစံအတိုင်း အပေါ်ဘက် Bezel မှာ  Selfie Camera, Ear Piece နဲ့ တခြား Sensor တွေကို ထားထားမှာပါ။

Navigation Bar ကိုကြည့်ရတာတော့ Android 9 Pie တင်ထားတာ ဖြစ်နိုင်ပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ Dual Camera ကို အလျားလိုက်ထားထားပါတယ်။ နောက်ဘက်မှာတော့ Fingerprint Sensor ကို မတွေ့နေရတဲ့ အကြောင်းရင်းက ဘေးဘက်မှာ ပြန်လည်ထားလိုက်လို့ပါပဲ။ Sony Fan တွေအတွက်တော ့ဝမ်းသာစရာပါ။

Specifications (Rumors)

Sony XA Series ရဲ့ အဖွဲ့ဝင်သစ်လေး ဖြစ်လာမယ့် Xperia XA3 ရဲ့ Specs လေးတွေကို ထွက်ထားသလောက် Rumors တွေအတိုင်း ပြောရမယ်ဆိုရင် Display Size 5.9″ ကနေ 6.5″ လောက်ထိရှိနိုင်တဲ့ Full HD+ Resolution နဲ့ Display ကို သုံးထားနိုင်ပါတယ်။

Snapdragon 660 Chipset ကို သုံးထားပြီး တစ်ချို့တွေ ခန့်မှန်းပုံအရဆိုရင်လည်း Snapdragon 636 ပဲသုံးမယ်လို့ သတင်းသဲ့သဲ့ကြားနေရတုန်းပါပဲ။ RAM 6GB, Storage 64GB နဲ့ ကျောဘက်ကင်မရာ၂လုံးထဲက Main Sensor ကတော့ 23MP ရှိမှာဖြစ်ပြီး Battery ပမာဏကိုတော့ ခုထိမဖေ်ာပြသေးပါဘူး။

ခုချိန်ထိတော့ Xperia XA3 လား XA3 Ultra/Plus လား အတိအကျမသိရသေးပေမယ့် XA3 လို့ ထွက်လာဖို့တော့ များပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့ကျရင်လည်း စပိန်နိုင်ငံ ဘာစီလိုနာမြို့ MWC ပွဲ ကျင်းပတဲ့အချိန်မှာ ဒီဖုန်းတွေနဲ့အတူတူ Entry-Level ဖုန်း ဖြစ်လာမယ့် Xperaia L3 လေးတွေကိုလည်း မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်နေပါပြီ။

ဒီနေ့ သတင်းထွက်လာတဲ့ Sony Xperia XA3 အပေါ် Sony Fan တစ်ယောက်အနေနဲ့ မြင်ကြည့်မယ်ဆိုရင် စိတ်တိုင်းကျစရာ ဒီဇိုင်းတစ်ခု ဖြစ်နိုင်ပါ့မလား??

Source: GizmoChina