[Zawgyi]

Sony Xperia XZ4 နဲ႔ပတ္သတ္ၿပီး ေကာလဟလသတင္း ေတာ္ေတာ္မ်ားမ်ား ထြက္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ Sony ရဲ႕ မ်ိဴးဆက္သစ္ Flagship စမတ္ဖုန္းျဖစ္တဲ့ Xperia XZ4 ဟာ Cinematic Ratio လို႔ေခၚတဲ့ 21:9 Aspect ratio နဲ႔ပြဲထြက္လာမယ့္ အေၾကာင္းကို လြန္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက ၾကားသိခဲ့ရပါတယ္။ ဒီတစ္ေခါက္မွာလည္း Xperia XZ4 ရဲ႕ CAD (Computer Aided Diagram) Renders, Screen Protector နဲ႔ Case ဓာတ္ပုံေတြဟာ တ႐ုတ္လူမႈကြန္ရက္ ဝက္ဆိုက္ကေန တစ္ဆင့္ထြက္ေပၚလာျပန္ပါတယ္။

ဒီတစ္ေခါက္ထြက္ရွိလာတဲ့ Sony Xperia XZ4 ရဲ႕ Screen Protector ဓာတ္ပုံေတြဟာ Chin နဲ႔ေဘးေဘာင္ေတြမွာ ေတာ္ေတာ္ေလး ပါးလႊာေနၿပီး Notch မပါဝင္တာကိုလည္း ေတြ႕ရပါတယ္။ ထိပ္ဘက္မွာေတာ့ Front Facing Camera , Proximity Sensor နဲ႔ Earpiece တို႔အတြက္ အေပါက္ ေဖာက္ထားပါတယ္။ ဒါ့အျပင္ ဘယ္ဘက္အစြန္ဆုံးမွာလည္း အေပါက္ေသးေသးေလး တစ္ေပါက္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ ဘာအေပါက္လဲဆိုတာ အတိအက် မသိရေသးေပမယ့္ LED Notification Light အတြက္ ျဖစ္ႏိုင္ပါတယ္။

 

Sony Xperia XZ4 ရဲ႕ ဖုန္းကာဗာပုံေတြကို ၾကည့္ျခင္းအားျဖင့္ XZ4 မွာ Triple-camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားတယ္ဆိုတာ ေပၚလြင္ေစပါတယ္။ ဖုန္းကာဗာရဲ႕ ဒီဇိုင္းအရဆိုရင္ Xperia XZ4 ရဲ႕ ညာဘက္မွာ Volume Rocker, Fingerprint Scanner နဲ႔ Power Key ေတြကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ေအာက္နားေလးက Button ကေတာ့ Camera Shutter ခလုတ္ျဖစ္ႏိုင္ပါတယ္။ ေအာက္ဘက္မွာဆိုရင္ Speaker, USB-C နဲ႔ Mic အေပါက္ေတြကိုသာ ေတြ႕ရၿပီး 3.5mm Audio Jack ကေတာ့ ပါဝင္လာျခင္း မရွိပါဘူး။ ဘာဘဲျဖစ္ျဖစ္ Sony Xperia XZ4 ဟာ အခုျမင္ေတြ႕ေနရတဲ့ ဒီဇိုင္းအတိုင္းသာ ထြက္ရွိလာမယ္ဆိုရင္ေတာ့ Xperia XZ စီးရီးေတြထဲမွာ အလန္းဆုံးနဲ႔ အမိုက္ဆုံး ဖုန္းတစ္လုံး ျဖစ္လာႏိုင္ပါတယ္။

Ref : Gsmarena

[Unicode]

Cinematic Ratio ခပ်ရှည်ရှည် Display နဲ့ ပွဲထွက်လာနိုင်တဲ့ Sony Xperia XZ4

Sony Xperia XZ4 နဲ့ပတ်သတ်ပြီး ကောလဟလသတင်း တော်တော်များများ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ Sony ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia XZ4 ဟာ Cinematic Ratio လို့ခေါ်တဲ့ 21:9 Aspect ratio နဲ့ပွဲထွက်လာမယ့် အကြောင်းကို လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကြားသိခဲ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း Xperia XZ4 ရဲ့ CAD (Computer Aided Diagram) Renders, Screen Protector နဲ့ Case ဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက် ဝက်ဆိုက်ကနေ တစ်ဆင့်ထွက်ပေါ်လာပြန်ပါတယ်။

ဒီတစ်ခေါက်ထွက်ရှိလာတဲ့ Sony Xperia XZ4 ရဲ့ Screen Protector ဓာတ်ပုံတွေဟာ Chin နဲ့ဘေးဘောင်တွေမှာ တော်တော်လေး ပါးလွှာနေပြီး Notch မပါဝင်တာကိုလည်း တွေ့ရပါတယ်။ ထိပ်ဘက်မှာတော့ Front Facing Camera , Proximity Sensor နဲ့ Earpiece တို့အတွက် အပေါက် ဖောက်ထားပါတယ်။ ဒါ့အပြင် ဘယ်ဘက်အစွန်ဆုံးမှာလည်း အပေါက်သေးသေးလေး တစ်ပေါက် ပါဝင်နေတာ တွေ့ရပါတယ်။ ဘာအပေါက်လဲဆိုတာ အတိအကျ မသိရသေးပေမယ့် LED Notification Light အတွက် ဖြစ်နိုင်ပါတယ်။

 

Sony Xperia XZ4 ရဲ့ ဖုန်းကာဗာပုံတွေကို ကြည့်ခြင်းအားဖြင့် XZ4 မှာ Triple-camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဖုန်းကာဗာရဲ့ ဒီဇိုင်းအရဆိုရင် Xperia XZ4 ရဲ့ ညာဘက်မှာ Volume Rocker, Fingerprint Scanner နဲ့ Power Key တွေကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အောက်နားလေးက Button ကတော့ Camera Shutter ခလုတ်ဖြစ်နိုင်ပါတယ်။ အောက်ဘက်မှာဆိုရင် Speaker, USB-C နဲ့ Mic အပေါက်တွေကိုသာ တွေ့ရပြီး 3.5mm Audio Jack ကတော့ ပါဝင်လာခြင်း မရှိပါဘူး။ ဘာဘဲဖြစ်ဖြစ် Sony Xperia XZ4 ဟာ အခုမြင်တွေ့နေရတဲ့ ဒီဇိုင်းအတိုင်းသာ ထွက်ရှိလာမယ်ဆိုရင်တော့ Xperia XZ စီးရီးတွေထဲမှာ အလန်းဆုံးနဲ့ အမိုက်ဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။

Ref : Gsmarena