[Zawgyi]

ျပီးခဲ့တဲ့အပတ္က Sony Xperia XZ4 ရဲ႕ Render ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ျပီး ေက်ာဘက္မွာ Triple ကင္မရာအတြဲနဲ႔ 6.5” လက္မအရြယ္ ရွည္ရွည္လ်ားလ်ား Screen ကိုျပသခဲ့ပါတယ္။ Notch မပါဘဲ LG မွ ထုတ္လုပ္တဲ့ 21:9 အခ်ဳိးနဲ႔ Display ပါဝင္မွာ ျဖစ္ပါတယ္။

တရုတ္ဆုိရွယ္နက္ဝပ္ Weibo မွပုံရိပ္တစ္ခုအရ 3.5mm Audio Jack ေပါက္ကိုလည္း ဆုိနီက XZ4 မွာ ျပန္ထည့္လာမွာ ျဖစ္တယ္လို႔ ဆုိရတယ္။ Xperia XZ4 စမတ္ဖုန္းသစ္မွာ Snapdragon 855 ခ်စ္ပ္ဆက္ကို သုံးစြဲလာမွာျဖစ္ျပီး 6GB RAM မန္မုိရီနဲ႔ Storage ကေတာ့ 64 GB နဲ႔ 256 GB ႏွစ္မ်ဳိး ထြက္လာဖို႔ မ်ားပါတယ္။

ဟန္းဆက္အသစ္ဟာ Fingerprint ဖတ္စက္ကို ေဘးဘက္မွာ ထည့္သြင္းလာျပီး ေက်ာဘက္က ကင္မရာဟာလည္း 1/2.3” Sensor တစ္ခုနဲ႔ OIS စနစ္တုိ႔ ပါဝင္မယ္လို႔ဆုိတယ္။ ေရွ႕ဘက္မွာ Super Wide-angel Lens နဲ႔ ဆယ္လ္ဖီကင္မရာ တစ္ခု ပါမွာျဖစ္ပါတယ္။

ဘကၳရီက 3900 mAh ပမာဏျဖစ္ျပီး Android Pie OS ကို အသုံးျပဳလာမယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။ ဆုိနီဟာ လာမယ့္ ဇႏၷဝါရီမွာလည္း CES ပြဲရွိေပမယ့္ Xperia XZ4 ကို ဒီေလာက္ျမန္ျမန္ေတာ့ ေတြ႕ရဖို႔ မရွိေသးဘဲ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ MWC ပြဲက်မွ ျမင္ရႏုိင္ေခ် ပိုမ်ားပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်က Sony Xperia XZ4 ရဲ့ Render ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး ကျောဘက်မှာ Triple ကင်မရာအတွဲနဲ့ 6.5” လက်မအရွယ် ရှည်ရှည်လျားလျား Screen ကိုပြသခဲ့ပါတယ်။ Notch မပါဘဲ LG မှ ထုတ်လုပ်တဲ့ 21:9 အချိုးနဲ့ Display ပါဝင်မှာ ဖြစ်ပါတယ်။

တရုတ်ဆိုရှယ်နက်ဝပ် Weibo မှပုံရိပ်တစ်ခုအရ 3.5mm Audio Jack ပေါက်ကိုလည်း ဆိုနီက XZ4 မှာ ပြန်ထည့်လာမှာ ဖြစ်တယ်လို့ ဆိုရတယ်။ Xperia XZ4 စမတ်ဖုန်းသစ်မှာ Snapdragon 855 ချစ်ပ်ဆက်ကို သုံးစွဲလာမှာဖြစ်ပြီး 6GB RAM မန်မိုရီနဲ့ Storage ကတော့ 64 GB နဲ့ 256 GB နှစ်မျိုး ထွက်လာဖို့ များပါတယ်။

ဟန်းဆက်အသစ်ဟာ Fingerprint ဖတ်စက်ကို ဘေးဘက်မှာ ထည့်သွင်းလာပြီး ကျောဘက်က ကင်မရာဟာလည်း 1/2.3” Sensor တစ်ခုနဲ့ OIS စနစ်တို့ ပါဝင်မယ်လို့ဆိုတယ်။ ရှေ့ဘက်မှာ Super Wide-angel Lens နဲ့ ဆယ်လ်ဖီကင်မရာ တစ်ခု ပါမှာဖြစ်ပါတယ်။

ဘက္ထရီက 3900 mAh ပမာဏဖြစ်ပြီး Android Pie OS ကို အသုံးပြုလာမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ဆိုနီဟာ လာမယ့် ဇန္နဝါရီမှာလည်း CES ပွဲရှိပေမယ့် Xperia XZ4 ကို ဒီလောက်မြန်မြန်တော့ တွေ့ရဖို့ မရှိသေးဘဲ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲကျမှ မြင်ရနိုင်ချေ ပိုများပါတယ်။

Ref – GSM Arena