[Zawgyi]

Sony Xperia XZ4 ရဲ႕ သတင္းေတြက တစ္နည္းနည္းနဲ႔ ထုတ္ေနသလားလို႔ေတာင္ ေတြးမိရပါတယ္။ ၿပီးခဲ့တဲ့ရက္ကပဲ Xperia XZ4 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိခြင့္ရခဲ့ၿပီး ဒီေန႔မွာေတာ့ ကင္မရာနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ ေပါက္ၾကားမႈက ထပ္ၿပီးျဖစ္ေပၚလာတာပါ။

ခိုင္မာလြန္းတဲ့ရင္းျမစ္ကေန ေပါက္ၾကားလာတဲ့ သတင္းမဟုတ္ေပမယ့္ စိတ္ဝင္စားစရာလို႔ေတာ့ ဆိုရမွာပါ။ အဲဒါကေတာ့ Sony Xperia XZ4 ဟာ 52MP sensor ပါဝင္လာမယ္ဆိုတာပါပဲ။ တကယ္သာ 52MP ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ လက္ရွိအခ်ိန္မွာ အျမင့္ဆုံးျဖစ္သြားမွာပါပဲ။

ေက်ာဘက္မွာ ကင္မရာ သုံးလုံးတပ္ဆင္ထားတဲ့ Sony Xperia XZ4 မွာ တစ္လုံးက 16MP telephoto ကင္မရာ ကိုမွ f/2.6 aperture lens နဲ႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒုတိယတစ္လုံးကေတာ့ 52MP ကင္မရာကိုမွ f/1.6 နဲ႔လို႔ သိရပါတယ္။ ေအာက္ဆုံးက တတိကင္မရာကေတာ့ 0.3MP ToF sensor နဲ႔ျဖစ္ၿပီး f/1.4 aperture ရရွိမယ္လို႔ သတင္းထြက္ေပၚလာတာပါ။

ဒါေပမယ့္ သတင္းထုတ္ျပန္လိုက္တဲ့ ရင္းျမစ္က ခိုင္မာၿပီးစိတ္ခ်ရတဲ့ ရင္းျမစ္မဟုတ္တာေၾကာင့္ ေကာလာဟလ အဆင့္မွာပဲ ထားရွိရမွာျဖစ္ၿပီး ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ ထြက္ေပၚလာတဲ့ ႐ုပ္ပုံကလည္း ပထမက ထြက္ေပၚလာတဲ့ Render ပုံေပၚမွာ ျပန္ၿပီးျပဳျပင္ထားတာကို ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Sony Xperia XZ4 ရဲ႕ ကင္မရာပိုင္းက အားလုံးထင္ထားတာနဲ႔ မတူတဲ့ ထူးျခားမႈေတာ့ ပါဝင္လာဖြယ္ ရွိပါတယ္။

Ref: GSMArena

[Unicode]

Sony Xperia XZ4 ဟာ 52MP ကင်မရာတပ်ဆင်ထားကြောင်း သတင်းပေါက်ကြားလာ

Sony Xperia XZ4 ရဲ့ သတင်းတွေက တစ်နည်းနည်းနဲ့ ထုတ်နေသလားလို့တောင် တွေးမိရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ Xperia XZ4 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိခွင့်ရခဲ့ပြီး ဒီနေ့မှာတော့ ကင်မရာနဲ့ ပတ်သက်တဲ့ အချက်အလက် ပေါက်ကြားမှုက ထပ်ပြီးဖြစ်ပေါ်လာတာပါ။

ခိုင်မာလွန်းတဲ့ရင်းမြစ်ကနေ ပေါက်ကြားလာတဲ့ သတင်းမဟုတ်ပေမယ့် စိတ်ဝင်စားစရာလို့တော့ ဆိုရမှာပါ။ အဲဒါကတော့ Sony Xperia XZ4 ဟာ 52MP sensor ပါဝင်လာမယ်ဆိုတာပါပဲ။ တကယ်သာ 52MP ဖြစ်ခဲ့မယ်ဆိုရင်တော့ လက်ရှိအချိန်မှာ အမြင့်ဆုံးဖြစ်သွားမှာပါပဲ။

ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ထားတဲ့ Sony Xperia XZ4 မှာ တစ်လုံးက 16MP telephoto ကင်မရာ ကိုမှ f/2.6 aperture lens နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယတစ်လုံးကတော့ 52MP ကင်မရာကိုမှ f/1.6 နဲ့လို့ သိရပါတယ်။ အောက်ဆုံးက တတိကင်မရာကတော့ 0.3MP ToF sensor နဲ့ဖြစ်ပြီး f/1.4 aperture ရရှိမယ်လို့ သတင်းထွက်ပေါ်လာတာပါ။

ဒါပေမယ့် သတင်းထုတ်ပြန်လိုက်တဲ့ ရင်းမြစ်က ခိုင်မာပြီးစိတ်ချရတဲ့ ရင်းမြစ်မဟုတ်တာကြောင့် ကောလာဟလ အဆင့်မှာပဲ ထားရှိရမှာဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရမှာပါ။ ထွက်ပေါ်လာတဲ့ ရုပ်ပုံကလည်း ပထမက ထွက်ပေါ်လာတဲ့ Render ပုံပေါ်မှာ ပြန်ပြီးပြုပြင်ထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Sony Xperia XZ4 ရဲ့ ကင်မရာပိုင်းက အားလုံးထင်ထားတာနဲ့ မတူတဲ့ ထူးခြားမှုတော့ ပါဝင်လာဖွယ် ရှိပါတယ်။

Ref: GSMArena