[Zawgyi]

Sony က Crystal LED Display ကို ေရာင္းၿပီလို႔ ေၾကညာလိုက္ၿပီး ရုပ္ရွင္ရံုေတြအတြက္ ဖန္တီးထားတာ ျဖစ္ပါတယ္။ Sony က သူ႔ရဲ႕ အလန္းစား Display ကို ေသခ်ာေလ့က်င့္သင္ၾကားထားတဲ့ မိတ္ဖက္ ကုမၸဏီေတြကေနသာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ၆၃ ေပ အက်ယ္အထိ ထုတ္လုပ္ထားမွာ ျဖစ္ၿပီး 16K Resolution ျဖစ္ပါတယ္။

Display က လန္းသလို ေစ်းကလည္း လန္းပါတယ္။ ေဒၚလာ ၅ သန္း သတ္မွတ္ထားၿပီး ျမန္မာေငြ သိန္း ၇ ေသာင္းေက်ာ္ရွိပါတယ္။ Display ဟာ အစိတ္အပိုင္းေတြကို ျဖဳတ္ တပ္ႏုိင္တဲ့ Modular Design ျဖစ္တဲ့ အတြက္ သင့္ ေနအိမ္နဲ႔ ကိုက္ညီမယ့္ အရြယ္အစားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Engadget က 16 x 18 micro-LED Module တိုင္းမွာ Pixel ၁ ခုစီအတြက္ အရြယ္ေသး LEDs ၃ ခု ပါၿပီး OLED Screen လို အလုပ္လုပ္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ပိုမို ေတာက္ပတယ္လို႔ သိရၿပီး အရမ္းလန္းတဲ့ 1,000 nit Brightness အထိ ထုတ္လုပ္ေပးႏုိင္ပါတယ္။ အေရာင္ထုတ္လုပ္မႈက အရမ္း တိက်ၿပီး 3D ရုပ္ထြက္က အရမ္း ေကာင္းပါတယ္။ အဲဒီ ေမာ္ဒယ္ေတြကို စုေပါင္းၿပီး သင့္ စိတ္ႀကိဳက္ Screen ၁ ခုကို ဖန္တီးႏိုင္ပါတယ္။

Sony က အစိတ္အပိုင္း ၇၂ ခုပါတဲ့ 4K Size အပါအ၀င္ Configurations အနည္းငယ္ကို အၾကံျပဳထားပါတယ္။ အဲဲဒီ ေမာ္ဒယ္ဟာ ၁၆ ေပ အက်ယ္နဲ႔ ၉ ေပ အျမင့္ ရွိပါတယ္။ ေထာင့္ျဖတ္အတိုင္းအတာဟာ ၂၂၀ လက္မ ျဖစ္ပါတယ္။ ေဒၚလာ ၈၇၇,၀၀၀ ရွိမယ္လို႔သိရၿပီး ျမန္မာေငြ သိန္း ၁၃,၀၀၀ ေလာက္ရွိပါတယ္။

Ref : techradar

[Unicode]

Sony က သိန်း ၇ သောင်းကျော်တန်တဲ့ 16K Crytal LED Display ကို ရောင်းပြီ

Sony က Crystal LED Display ကို ရောင်းပြီလို့ ကြေညာလိုက်ပြီး ရုပ်ရှင်ရုံတွေအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Sony က သူ့ရဲ့ အလန်းစား Display ကို သေချာလေ့ကျင့်သင်ကြားထားတဲ့ မိတ်ဖက် ကုမ္ပဏီတွေကနေသာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၃ ပေ အကျယ်အထိ ထုတ်လုပ်ထားမှာ ဖြစ်ပြီး 16K Resolution ဖြစ်ပါတယ်။

Display က လန်းသလို ဈေးကလည်း လန်းပါတယ်။ ဒေါ်လာ ၅ သန်း သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၇ သောင်းကျော်ရှိပါတယ်။ Display ဟာ အစိတ်အပိုင်းတွေကို ဖြုတ် တပ်နိုင်တဲ့ Modular Design ဖြစ်တဲ့ အတွက် သင့် နေအိမ်နဲ့ ကိုက်ညီမယ့် အရွယ်အစားကို ရွေးချယ်နိုင်ပါတယ်။ Engadget က 16 x 18 micro-LED Module တိုင်းမှာ Pixel ၁ ခုစီအတွက် အရွယ်သေး LEDs ၃ ခု ပါပြီး OLED Screen လို အလုပ်လုပ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပိုမို တောက်ပတယ်လို့ သိရပြီး အရမ်းလန်းတဲ့ 1,000 nit Brightness အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အရောင်ထုတ်လုပ်မှုက အရမ်း တိကျပြီး 3D ရုပ်ထွက်က အရမ်း ကောင်းပါတယ်။ အဲဒီ မော်ဒယ်တွေကို စုပေါင်းပြီး သင့် စိတ်ကြိုက် Screen ၁ ခုကို ဖန်တီးနိုင်ပါတယ်။

Sony က အစိတ်အပိုင်း ၇၂ ခုပါတဲ့ 4K Size အပါအဝင် Configurations အနည်းငယ်ကို အကြံပြုထားပါတယ်။ အဲဒီ မော်ဒယ်ဟာ ၁၆ ပေ အကျယ်နဲ့ ၉ ပေ အမြင့် ရှိပါတယ်။ ထောင့်ဖြတ်အတိုင်းအတာဟာ ၂၂၀ လက်မ ဖြစ်ပါတယ်။ ဒေါ်လာ ၈၇၇,၀၀၀ ရှိမယ်လို့သိရပြီး မြန်မာငွေ သိန်း ၁၃,၀၀၀ လောက်ရှိပါတယ်။

Ref : techradar