Sony က သူ့ရဲ့ စက်ရုပ်ခွေး Aibo ကို US မှာမိတ်ဆက်ခဲ့ပါတယ်။ US Dollar 2,899 ရှိပြီး မြန်မာငွေ သိန်းလေးဆယ်ဝန်းကျင်ရှိပါတယ်။

Aibo ရဲ့တစ်နေ့တာ Activity တွေကို AI Cloud ကနေတစ်ဆင့် Sony ကနေ အချက်အလက်တွေစုဆောင်းပြီး Aibo ရဲ့ Personality တွေကိုမြှင့်တင်ပေးမှာပါ။ Aibo ကိုလည်း ပိုင်ရှင်အနေနဲ့ ဘယ်နေရာရောက်ရောက် Wifi နဲ့ မိုဘိုင်း ကွန်ရက်တွေကနေတစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

US Version က အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ Version နဲ့ကွဲပြားမှုမရှိပါဘူး။ Aibo ရဲ့ကိုယ်လုံးအနှံ့မှာ Sensor တွေအများကြီးပါပြီး ပွတ်သပ်ပေးတာတွေကို အသက်ပါပါတုံ့ပြန်နိုင်မှာပါ။

သူ့ရဲ့ကျောကုန်းပေါ်က Camera ကြောင့် Charging Station ကို ကိုယ်တိုင်ရှာဖွေပြီး အားသွင်းနိုင်တယ်။ နှာခေါင်းထိပ်က Camera ကနေတစ်ဆင့် မိသားစုဝင် တစ်ယောက်ချင်းစီကို Facial Recognition လို့ခေါ်တဲ့ နည်းပညာနဲ့ ခွဲခြားနိုင်တယ်။ သူရဲ့ ကစားစရာ ဘောလုံးလေးတွေ အရိုးလေးတွေကိုလည်း ရှာဖွေနိုင်တယ်။

Ref: Reuters

အသံနဲ့လဲ ခိုင်းစေနိုင်ပြီး ထိုင်ဆိုရင် ထိုင်တယ်။ ထဆိုရင် ထ အစရှိတဲ့ Voice Command တွေကို Android သို့မဟုတ် iOS App တွေနဲ့ စိတ်ကြိုက်ထားနိုင်ပါသေးတယ်။

မန်မာငွေ သိန်းလေးဆယ်ဆိုတော့ နည်းနည်းနောနော ပိုက်ဆံတော့ မဟုတ်ပါဘူး။ အိမ်စောင့်ခွေးကြီး နှစ်ကောင်လောက်ဝယ်လိုက်လို့ရပါတယ်။ ဒါပေမယ့်လည်း အညစ်အကြေးစွန့်ပစ်စရာ မလို အစာကျွေးစရာမလိုဘူးဆိုတော့ နည်းနည်းတော့ဟန်ကျတာပေါ့။

Aibo ရဲ့ လှုပ်ရှားမှုတွေက အရမ်းအသက်ဝင်ပါတယ်။ သူ့ Video တွေကို Youtube မှာသွားရောက်ရှာဖွေကြည့်နိုင်ပါတယ်ခင်ဗျာ။