[Zawgyi]

ခႏၱာကိုယ္မွာ ၀တ္ဆင္ထားႏုိင္တဲ့ Portable Air Conditioner ေတြ ေပၚလာပါၿပီ။ CES 2018 ပြဲတုန္းက လက္ေကာက္၀တ္မွာ ၀တ္ဆင္ႏုိင္တဲ့ Embr Wave အမည္ရ Portable Air Conditioner ကို ျမင္ခဲ့ၾကရၿပီးပါၿပီ။ အခုေတာ့ ဂ်ပန္ အီလက္ထေရာနစ္ ကုမၸဏီႀကီး Sony ရဲ႕ အလွည့္ပါ။  Sony က Reon Pocket အမည္ရ Portable Air Conditioner ကို ေၾကညာလိုက္ပါတယ္။

ရာသီဥတု ပူေလာင္တဲ့ အခ်ိန္ေတြမွာ Reon Pocket ကို အကၤ်ီ အိတ္ကပ္ထဲ ထည့္ထားရင္ ေအးျမေနေစမွာ ျဖစ္ပါတယ္။ အဲဒီ ကိရိယာကို ထည့္သြင္း ၀တ္ဆင္ရမယ့္ အထူးထုတ္ အတြင္းခံ အကၤ်ီကိုလည္း Sony က ဖန္တီးထားပါတယ္။ အကၤ်ီရဲ႕ ေနာက္ေက်ာမွ အိတ္ကပ္ထဲမွာ ထည့္သြင္းရမွာ ျဖစ္ပါတယ္။ ေဆာင္းရာသီမွာလည္း အဲဒီ ကိရိယာက ေႏြးေထြးေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။

Reon Pocket မွာ အပူကို စုပ္ယူဖို႔နဲ႔ အပူကို ထုတ္ေပးဖို႔ အတြက္ ေသးငယ္တဲ့ လွ်ပ္စစ္စီးေၾကာင္းကို အသံုးျပဳထားပါတယ္။ Sony က သူ႔ရဲ႕ ကိရိယာဟာ 13 Degrees Celsius (23 Degrees Fahrenheit) အထိ ေအးျမေအာင္နဲ႔ 8 Degrees Celsius (14 degrees Fahrenheit)  အထိ ပူေႏြးေအာင္ ျပဳလုပ္ေပးႏုိင္တယ္လို႔ ေျပာပါတယ္။ USB Type-C ကေန အားသြင္းႏိုင္ၿပီး တစ္ခါ အားအျပည့္သြင္းထားရင္ ၂၄ နာရီ အသံုးခံပါတယ္။  အပူခ်ိန္ကို Smartphone App ကေန ခ်ိန္ညွိႏုိင္ပါတယ္။ အနာဂတ္မွာ အပူခ်ိန္ကို သင့္ေတာ္သလို အလိုလို ခ်ိန္ညွိေပးမယ့္ စြမ္းရည္လည္း ပါလာမွာ ျဖစ္ပါတယ္။

Sony ရဲ႕ Crowdfunding Website မွာ Reon Pocket ကို ျပသထားၿပီး ဂ်ပန္ယန္း ၁၂,၇၆၀ (၁၁၇ ေဒၚလာ) သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၇၀,၀၀၀ ေလာက္ ရွိႏုိင္ပါတယ္။ သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လက္ရွိမွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ ၂၀၂၀ ခုႏွစ္ မတ္လက်မွ ၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။

Ref: theverge

[Unicode]

Sony က ခန္တာကိုယ်မှာ ဝတ်ဆင်ထားနိုင်တဲ့ Portable Air Conditioner ကို ကြေညာ

ခန္တာကိုယ်မှာ ဝတ်ဆင်ထားနိုင်တဲ့ Portable Air Conditioner တွေ ပေါ်လာပါပြီ။ CES 2018 ပွဲတုန်းက လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်တဲ့ Embr Wave အမည်ရ Portable Air Conditioner ကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီး Sony ရဲ့ အလှည့်ပါ။ Sony က Reon Pocket အမည်ရ Portable Air Conditioner ကို ကြေညာလိုက်ပါတယ်။

ရာသီဥတု ပူလောင်တဲ့ အချိန်တွေမှာ Reon Pocket ကို အင်္ကျီ အိတ်ကပ်ထဲ ထည့်ထားရင် အေးမြနေစေမှာ ဖြစ်ပါတယ်။ အဲဒီ ကိရိယာကို ထည့်သွင်း ဝတ်ဆင်ရမယ့် အထူးထုတ် အတွင်းခံ အင်္ကျီကိုလည်း Sony က ဖန်တီးထားပါတယ်။ အင်္ကျီရဲ့ နောက်ကျောမှ အိတ်ကပ်ထဲမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာလည်း အဲဒီ ကိရိယာက နွေးထွေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Reon Pocket မှာ အပူကို စုပ်ယူဖို့နဲ့ အပူကို ထုတ်ပေးဖို့ အတွက် သေးငယ်တဲ့ လျှပ်စစ်စီးကြောင်းကို အသုံးပြုထားပါတယ်။ Sony က သူ့ရဲ့ ကိရိယာဟာ 13 Degrees Celsius (23 Degrees Fahrenheit) အထိ အေးမြအောင်နဲ့ 8 Degrees Celsius (14 degrees Fahrenheit) အထိ ပူနွေးအောင် ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ USB Type-C ကနေ အားသွင်းနိုင်ပြီး တစ်ခါ အားအပြည့်သွင်းထားရင် ၂၄ နာရီ အသုံးခံပါတယ်။ အပူချိန်ကို Smartphone App ကနေ ချိန်ညှိနိုင်ပါတယ်။ အနာဂတ်မှာ အပူချိန်ကို သင့်တော်သလို အလိုလို ချိန်ညှိပေးမယ့် စွမ်းရည်လည်း ပါလာမှာ ဖြစ်ပါတယ်။

Sony ရဲ့ Crowdfunding Website မှာ Reon Pocket ကို ပြသထားပြီး ဂျပန်ယန်း ၁၂,၇၆၀ (၁၁၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၇၀,၀၀၀ လောက် ရှိနိုင်ပါတယ်။ သူ့ကို ထုတ်လုပ်ရောင်းချဖို့ လက်ရှိမှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၂၀၂၀ ခုနှစ် မတ်လကျမှ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: theverge