Sony ဟာ Xperia Flagship ဖုန်းအသစ်ဖြစ်တဲ့ Xperia 1 II (Mark II) ကို မိတ်ဆက်ခဲ့တာအခုဆိုရင် အချိန်လပိုင်းလောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှ US မှာ တရားဝင်ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကို ဖော်ပြခဲ့ပါတယ်။

 

Sony ရဲ့ ကြေညာချက်အရတော့ Xperia 1 II ဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စတင်ပြီး Pre-order ရယူသွားမှာဖြစ်ပြီး လာမယ့် ဇွန်လိုင်လ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁,၁၉၉ (မြန်မာငွေ ၁၇ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Sony WF-1000XM3 Earbuds ကိုပါ Pre-order မှာယူတဲ့သူတွေကို ပေးသွားမယ်လို့ သိရပါတယ်။

Sony Xperia 1 II ရဲ့ အဓိကအားသာချက်ကတော့ Camera ပိုင်းပဲဖြစ်ပြီး 12MP Sensor ၃ လုံးပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပေမယ့် 20fps Burst Mode ရိုက်ကူးနိုင်တာ၊ AF/AE Calculation တွေကို တစ်စက္ကန့်မှာ အကြိမ် ၆၀ ခန့်ဆောင်ရွက်နိုင်တာ၊ Eye Autofocus ကို လူတွေအပြင် တိရစ္ဆာန်တွေမှာပါ အသုံးပြုနိုင်တာလိုမျိုး လုံးဝကို တခြားသော စမတ်ဖုန်းကင်မရာတွေကနေ ကွဲထွက်နေတာဖြစ်ပါတယ်။

တခြားသော Specification တွေအနေနဲ့ကတော့ 6.5″ 4K HDR OLED DIsplay ပါဝင်မှာဖြစ်ပြီး Qualcomm Snapdragon 865 Processor ၊ 4000mAh Battery နဲ့ Wireless Charging တွေကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ လက်ရှိ Flagship ဖုန်းတွေမှာ တွေ့ရခဲတဲ့ 3.5mm Audio Jack ကိုလည်း ထည့်သွင်းထားဦးမယ်လို့ သိရပါတယ်။

Sony Xperia 1 II ဟာ US Version မှာတော့ 4G Version ကိုပဲ ရောင်းချသွားမှာဖြစ်ပြီး Europe Version အတွက်ကတော့ 5G Version ကို ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Europe စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

Ref – The Verge