ကိုရီးယား နိုင်ငံတကာ ကုန်သွယ်ရေး အဖွဲ့အစည်းက ထုတ်ပြန်တဲ့ သွင်းကုန်၊ ထုတ်ကုန် ဒေတာအရ ဒီနှစ် ပထမနှစ်ဝက်မှာ တောင်ကိုရီးယားဟာ တရုတ်က ကားတွေကို ဒေါ်လာ ၂၇၅.၅၇ သန်းဖိုး တင်သွင်းခဲ့ပြီး အရင်နှစ်ကထက် ၇၉.၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ တရုတ်ကနေ တောင်ကိုရီးယားကို တင်သွင်းတဲ့ လျှပ်စစ်ကားဟာ ဒေါ်လာ ၅၂.၈၂ သန်းဖိုးရှိပြီး အရင်နှစ်ကထက် ၃၆၇.၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

fuel vehicles vs electric vehicles

တောင်ကိုရီးယားရဲ့ လျှပ်စစ်ကားတွေ တရုတ်ကို တင်ပို့တာဟာ ဒေါ်လာ ၁.၅၃ သန်းဖိုးပဲရှိပါတယ်။ ကိုရီးယား ကား ထုတ်လုပ်သူ အဖွဲ့အစည်း (KAMA) ရဲ့ ဒေတာအရ လူ ၁၀ ယောက်နဲ့အထက် သယ်ဆောင်နိုင်တဲ့ တရုတ်ထုတ် လျှပ်စစ် ဘတ်စ်ကားတွေ တင်သွင်းမှုဟာ သိသိသာသာများပြားခဲ့ပြီး အခုဆိုရင် တောင်ကိုရီးယားဈေးကွက်ရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

Chinese EV's look to take on Tesla on home turf

ဘက်ထရီ ဈေးကွက်မှာ Geely Automobile နဲ့ BYD လို တရုတ် ကုမ္ပဏီတွေဟာ တောင်ကိုရီးယားရဲ့ Renault , Ssangyong တို့နဲ့ ပူးပေါင်းကာ အဲဒီမှာ ကားအသစ်တွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီနှစ် ပထမ ၇ လအတွင်း တောင်ကိုရီးယားမှာ မှတ်ပုံတင်ထားတဲ့ တက္ကစီတွေရဲ့ ၃ ပုံ ၁ ပုံဟာ လျှပ်စစ်ကားတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား မြေ၊ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ဒေတာတွေက ဖော်ပြနေပါတယ်။ တောင်ကိုရီးယားမှာ ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း အသစ်မှတ်ပုံတင်ထားတဲ့ တက္ကစီ အစီးရေ ၇,၃၉၄ စီးဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ အဲဒီ ကာလအတွင်း အသစ် မှတ်ပုံတင်ထားတဲ့ တက္ကစီ အစီးရေ ၂၀,၂၉၆ စီးရဲ့ ၃၆.၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ကားတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လျှပ်စစ် တက္ကစီကားတွေ အလွန်များပြားလာပါတယ်။

Ref : gizchina