SpaceX က တွစ်တာမှာ ကြီးမားတဲ့ ကြော်ငြာ Package ၁ ခုကို ဝယ်ယူလိုက်ပါတယ်။ အဲဒီ ကြော်ငြာ Campaign ဟာ Elon Musk ရဲ့ အာကာသနည်းပညာ ကုမ္ပဏီ SpaceX ရဲ့ အင်တာနက်ဆက်သွယ်မှု လုပ်ငန်း Starlink အတွက် ဖြစ်ပါတယ်။

Starlink - Wikipedia

စိတ်ဝင်စားစရာကောင်းတာက Elon Musk ဟာ မကြာခင်က တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူခဲ့ပါတယ်။  အခုတော့ သူရဲ့ အာကာသ နည်းပညာ ကုမ္ပဏီက စပိန်နဲ့ ဩစတြေးလျအတွက် တွစ်တာမှာ ကြော်ငြာ Campaign ကို ဝယ်ယူလိုက်ပါတယ်။ အဲဒီ ကြီးမားတဲ့ ကြော်ငြာ Package ဟာ ဂြိုလ်တု အခြေပြု အင်တာနက် လုပ်ငန်း ဖြစ်တဲ့ Starlink ကို ကြော်ငြာဖို့ ဖြစ်ပါတယ်။ ကြော်ငြာ Campaign ကို “takeover” လို့ အမည်ပေးထားပြီး နိုင်ငံ ၂ ခုအတွက် တွစ်တာမှာ ကြော်ငြာမှာပါ။ CNBC က ကြော်ငြာ Package တွေထဲက ၁ ခုကို ဝယ်ယူတဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၂၅၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ပြောပါတယ်။

Starlink Hits 250,000 Customers, Elon Musk Hints: SpaceX Booking Over $300 Million/Year

ကြော်ငြာ Package အရ ဝယ်ယူသူတွေဟာ Brand အမည်ကို တွစ်တာ Timeline ရဲ့ ထိပ်ဆုံးမှာ တစ်ရက်ကြာ ပြသခွင့်ရပါတယ်။ ဒီသတင်းဟာ ယခင် တွစ်တာ ဝန်ထမ်းဟောင်းကနေ ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီအတွက် တွစ်တာ သုံးစွဲသူတွေဟာ App ကို ဖွင့်လိုက်တာနဲ့ Starlink ရဲ့ ကြော်ငြာတွေကို မြင်ရတော့မှာပါ။ ဒါပေမယ့် စပိန်နဲ့ ဩစတြေးလျမှာပဲ ကြော်ငြာကို ပြသမှာပါ။

Starlink ဟာ ဂြိုလ်တုတွေကနေ ကမ္ဘာမြေအတွက် အင်တာနက် ထုတ်လွှင့်ပေးနေတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ SpaceX က ဖိုက်ဘာ မရတဲ့ ဒေသတွေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက် အင်တာနက် ဝန်ဆောင်မှုပေးဖို့ Starlink ကို တည်ထောင်ထားတာပါ။

Ref : gizmochina