SpaceX CEO Elon Musk က ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ ဒုံးပျံ အစီး ၁၀၀ လွှတ်တင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ စံချိန်တင် ဒုံးပျံတွေ လွှတ်တင်ခဲ့ပြီး အနာဂတ်မှာ စံချိန်သစ်တင်ဖို့ ပြုလုပ်မှာပါ။ SpaceX ဟာ ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ ၁ နှစ်ကို ဒုံးပျံ ၁၅ စီးကနေ အစီး ၂၀ လွှတ်တင်ခဲ့ပါတယ်။ ၂၀၁၉ ကနေ ၂၀၂၀ ခုနှစ်အတွင်း ဒုံးပျံ လွှတ်တင်မှု ၂ ဆ ပိုမို မြင့်မားခဲ့ပါတယ်။

SpaceX prepares Falcon 9 booster for eleventh launch and landing [webcast]

၂၀၂၀ ခုနှစ်မှာ SpaceX ဟာ ၂ ပတ်ကို Falcon 9 ဒုံးပျံ ၁ စီး လွှတ်တင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ကုမ္ပဏီဟာ ဒုံးပျံ ၂၆ စီး လွှတ်တင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ရဲ့ ၂၁ စီးကို ကျော်လွန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ SpaceX ဟာ ဂြိုလ်တု အစီး ၂၀ ကို လွှတ်တင်ခဲ့ပြီး ၂၀၂၀ ခုနှစ် တစ်နှစ်လုံးထက် ၅၀ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။

Falcon Heavy, SpaceX's Giant Rocket, Launches Into Orbit, and Sticks Its Landings - The New York Times

၂၀၂၂ ခုနှစ်မှာ ဒုံးပျံ လွှတ်တင်မှုဟာ ၂၀၂၁ ခုနှစ်ထက် ပိုများလာဖို့ ရှိပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာ Falcon 9 ဒုံးပျံ ၂၇ စီး လွှတ်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ၃၁ စီးကို အမှီလိုက်ဖို့ ကြိုးစားနေပါတယ်။ ဒီနှုန်းအတိုင်းသွားရင် ကုမ္ပဏီဟာ ဒီနှစ်မှာ စံချိန်တင်မှာပါ။ ဒီနှစ် ဒုတိယနှစ်ဝက် ဇူလိုင်လနဲ့ ဩဂုတ်လမှာ ဒုံးပျံ ၆ စီး လွှတ်တင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ Falcon ဒုံးပျံ အစီး ၁၀၀ လွှတ်တင်ဖို့ဆိုရင် SpaceX ဟာ ၁ လကို ၈ စီး လွှတ်တင်ရမှာ ဖြစ်ပြီး လက်ရှိ စံနှုန်းထက် ၃၃ ရာခိုင်နှုန်း ပိုများရမှာပါ။

Ref : gizchina