Zawgyi

Vivo V စီးရီးရဲ႕ ေနာက္ဆုံးထြက္ ဖုန္းျဖစ္လာမယ့္ V15 နဲ႕ V15 Pro တို႔ရဲ႕ ကာလဟလေတြကေတာ့ အြန္လိုင္းေပၚမွာ ပ်ံ့ႏွံ႕ေနခဲ့တာၾကာပါၿပီ။ မၾကာေသးခင္ကပဲ ကုမၸဏီကေန V Series ဖုန္းအသစ္ကို V15 နဲ႕ V15 Pro လို႔ တရားဝင္ နာမည္ေပးလိုက္တာပါ။ ဒီ V15 နဲ႕ V15 Pro မွာ Vivo NEX ရဲ႕ Pop-up Selfie Camera ကို အသုံးျပဳထားတာကို ဖုန္းကာဗာပုံေတြကေနတစ္ဆင့္ ေတြ႕ရပါတယ္။ Vivo ဟာ Vivo NEX Series ဖုန္းေတြကို ဆက္လက္မထုတ္ေတာ့ပဲ V15 Series ကိုပဲ ေရာင္းခ်ေတာ့မွာပါ။

အခုေနာက္ဆုံးထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ V15 Pro မွာ အသုံးျပဳထားတဲ့ ပရိုဆက္ဆာနဲ႕ ကင္မရာေတြကို သိလိုက္ရပါၿပီ။ Vivo V15 Pro ဟာ Flagship မဟုတ္တာေၾကာင့္ ၂၀၁၉ ရဲ႕ Flagship မိုဘိုင္းပရိုဆက္ဆာျဖစ္တဲ့ Snapdragon 855 ကိုေတာ့ တပ္ဆင္မေပးထားပါဘူး။ အဲ့အစား နာမည္ႀကီး Mid-Range ပရိုဆက္ဆာ စီးရီးျဖစ္တဲ့ Snapdragon 600 ရဲ႕ ေနာက္ဆုံးထြက္ 675 ပရိုဆက္ဆာကို တပ္ဆင္ေပးထားမွာပါ။

သတင္းေတြအရ Snapdragon 675 ဟာ Snapdragon 710 ထက္ စြမ္းေဆာင္ရည္ အနည္းငယ္ ပိုေကာင္းတာကိုေတြ႕ရပါတယ္။ Snapdragon 675 ကို တစ္ျခား နာမည္ႀကီး Mid-Range ဖုန္းေတြမွာလည္း မၾကာခင္ေတြ႕ရေတာ့မွာပါ။ Meizu ရဲ႕ M9 Note နဲ႕ Xiaomi ရဲ႕ Redmi Note7 Pro တို႔မွာ Snapdragon 675 ကို အသုံးျပဳေတာ့မွာပါ။ Snapdragon 675 ရဲ႕ ဖြဲ႕စည္းပုံကေတာ့ 11nm ရွိၿပီး Snapdragon 710 နဲ႕ 845 တို႔မွာအသုံးျပဳထားတဲ့ Hexagon 685 DSP ကိုသုံးထားပါတယ္။

Vivo V15 Pro ရဲ႕မ်က္ႏွာျပင္ကေတာ့ Super AMOLED အမ်ိဳးအစားျဖစ္ၿပီး Resolution ကေတာ့ Full HD+ ရွိမွာပါ။ In-Display Fingerprint Scanner ကိုလည္း တပ္ဆင္ေပးထားပါတယ္။ မ်က္ႏွာျပင္မွာေတာ့ Notch, Punch Hole မပါဝင္ပဲ Selfie Camera အတြက္ေတာ့ Vivo NEX မွာလို ေမာ္တာတပ္ဆင္ထားတဲ့ Pop-up Selfie ကင္မရာေလးကို သုံးထားပါတယ္။ အဲ့ဒါေၾကာင့္ပဲ Screen-to-Body Ratio က 100% ျပည့္လုနီးပါးျဖစ္သြားၿပီး အရမ္းၾကည့္ေကာင္းတဲ့ ဖုန္းတစ္လုံးျဖစ္လာပါတယ္။

V 15Pro ရဲ႕ ကင္မရာပိုင္းဟာလည္း အေတာ္ေလးေကာင္းေနတာကိုေတြ႕ရပါတယ္။ အေရွ႕ဘက္ Selfie Camera က 32MP ရွိၿပီ ေနာက္ေက်ာဘက္မွာေတာ့ အဓိက 48MP နဲ႕အတူ 8MP+5MP ကင္မရာေတြနဲ႕ တြဲဖက္ေပးထားတဲ့ သုံးလုံးတြဲ ကင္မရာ စနစ္ကို တပ္ဆင္ေပးထားပါတယ္။

V15 နဲ႕ V15 Pro ကို ေဖေဖာ္ဝါရီ ၂၀ မွာမိတ္ဆက္မွာပါ။ Samsung ကလည္း အဲ့ဒီေန႕မွာ သူ႕ရဲ႕ Flagship ျဖစ္တဲ့ Galaxy S10 Series ကို မိတ္ဆက္ဦးမွာပါ။ Vivo V15 Pro ဟာ ပရိုဆက္ဆာကလြဲရင္ တစ္ျခား အစိတ္အပိုင္းေတြဟာ Flagship တန္းဝင္တဲ့ ဖုန္းတစ္လုံးပါ။ V15 Pro ရဲ႕ ခန႔္မွန္းေစ်းကေတာ့ ျမန္မာေငြ ငါးသိန္းခြဲ ဝန္းက်င္ရွိနိုင္ပါတယ္။

Ref: Gizmo China

Unicode

Snapdragon 675 သုံးထားတဲ့ Vivo V15 Pro ရဲ့ အချက်အလက်များပေါက်ကြား

Vivo V စီးရီးရဲ့ နောက်ဆုံးထွက် ဖုန်းဖြစ်လာမယ့် V15 နဲ့ V15 Pro တို့ရဲ့ ကာလဟလတွေကတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာကြာပါပြီ။ မကြာသေးခင်ကပဲ ကုမ္ပဏီကနေ V Series ဖုန်းအသစ်ကို V15 နဲ့ V15 Pro လို့ တရားဝင် နာမည်ပေးလိုက်တာပါ။ ဒီ V15 နဲ့ V15 Pro မှာ Vivo NEX ရဲ့ Pop-up Selfie Camera ကို အသုံးပြုထားတာကို ဖုန်းကာဗာပုံတွေကနေတစ်ဆင့် တွေ့ရပါတယ်။ Vivo ဟာ Vivo NEX Series ဖုန်းတွေကို ဆက်လက်မထုတ်တော့ပဲ V15 Series ကိုပဲ ရောင်းချတော့မှာပါ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ V15 Pro မှာ အသုံးပြုထားတဲ့ ပရိုဆက်ဆာနဲ့ ကင်မရာတွေကို သိလိုက်ရပါပြီ။ Vivo V15 Pro ဟာ Flagship မဟုတ်တာကြောင့် ၂၀၁၉ ရဲ့ Flagship မိုဘိုင်းပရိုဆက်ဆာဖြစ်တဲ့ Snapdragon 855 ကိုတော့ တပ်ဆင်မပေးထားပါဘူး။ အဲ့အစား နာမည်ကြီး Mid-range ပရိုဆက်ဆာ စီးရီးဖြစ်တဲ့ Snapdragon 600 ရဲ့ နောက်ဆုံးထွက် 675 ပရိုဆက်ဆာကို တပ်ဆင်ပေးထားမှာပါ။

သတင်းတွေအရ Snapdragon 675 ဟာ Snapdragon 710 ထက် စွမ်းဆောင်ရည် အနည်းငယ် ပိုကောင်းတာကိုတွေ့ရပါတယ်။ Snapdragon 675 ကို တစ်ခြား နာမည်ကြီး Mid-range ဖုန်းတွေမှာလည်း မကြာခင်တွေ့ရတော့မှာပါ။ Meizu ရဲ့ M9 Note နဲ့ Xiaomi ရဲ့ Redmi Note7 Pro တို့မှာ Snapdragon 675 ကို အသုံးပြုတော့မှာပါ။ Snapdragon 675 ရဲ့ ဖွဲ့စည်းပုံကတော့ 11nm ရှိပြီး Snapdragon 710 နဲ့ 845 တို့မှာအသုံးပြုထားတဲ့ Hexagon 685 DSP ကိုသုံးထားပါတယ်။

Vivo V15 Pro ရဲ့မျက်နှာပြင်ကတော့ Super AMOLED အမျိုးအစားဖြစ်ပြီး Resolution ကတော့ Full HD+ ရှိမှာပါ။ In-Display Fingerprint Scanner ကိုလည်း တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်မှာတော့ Notch, Punch Hole မပါဝင်ပဲ Selfie Camera အတွက်တော့ Vivo NEX မှာလို မော်တာတပ်ဆင်ထားတဲ့ Pop-up Selfie ကင်မရာလေးကို သုံးထားပါတယ်။ အဲ့ဒါကြောင့်ပဲ Screen-to-Body Ratio က 100% ပြည့်လုနီးပါးဖြစ်သွားပြီး အရမ်းကြည့်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာပါတယ်။

V 15Pro ရဲ့ ကင်မရာပိုင်းဟာလည်း အတော်လေးကောင်းနေတာကိုတွေ့ရပါတယ်။ အရှေ့ဘက် Selfie Camera က 32MP ရှိပြီ နောက်ကျောဘက်မှာတော့ အဓိက 48MP နဲ့အတူ 8MP+5MP ကင်မရာတွေနဲ့ တွဲဖက်ပေးထားတဲ့ သုံးလုံးတွဲ ကင်မရာ စနစ်ကို တပ်ဆင်ပေးထားပါတယ်။

V15 နဲ့ V15 Pro ကို ဖေဖော်ဝါရီ ၂၀ မှာမိတ်ဆက်မှာပါ။ Samsung ကလည်း အဲ့ဒီနေ့မှာ သူ့ရဲ့ Flagship ဖြစ်တဲ့ Galaxy S10 Series ကို မိတ်ဆက်ဦးမှာပါ။ Vivo V15 Pro ဟာ ပရိုဆက်ဆာကလွဲရင် တစ်ခြား အစိတ်အပိုင်းတွေဟာ Flagship တန်းဝင်တဲ့ ဖုန်းတစ်လုံးပါ။ V15 Pro ရဲ့ ခန့်မှန်းစျေးကတော့ မြန်မာငွေ ငါးသိန်းခွဲ ဝန်းကျင်ရှိနိုင်ပါတယ်။

Ref: Gizmo China