[Zawgyi]






Ref: BGR

[Unicode]

 

Apple ရဲ့ ၂၀၁၈ ထုတ် ဖုန်းတွေကတော့ Hardware ပိုင်းတွေကို မြှင့်ပစ်လိုက်ပေမယ့် Software ပိုင်းမှာတော့ iOS 12 အနေနဲ့ အရမ်းမိုက်ပါတယ်ဆိုတဲ့ Feature မျိုး မတွေ့လိုက်ရတာ အံသြစရာတော့ မရှိပါဘူး။ တစ်ချို့ပိုကောင်းလာမယ့် Feature တွေ ဥပမာ Home Screen ကို ဒီဇိုင်းပြောင်းလိုက်တာမျိုးကတော့ iOS 13 ကျရင် ပါလာတော့မှာပါ။

ဒီနှစ်အတွက် iPhone တွေမှာ Apple အနေနဲ့ A12 Bionic Ship တွေကို သုံးလိုက်ခြင်းက ထုတ်ခဲ့သမျှ iPhone တွေကို အပြတ်အသတ် ကျော်နိုင်လောက်အောင်ကို ကောင်းခဲ့တယ်လို့ ပြောရမှာပါ။ A12 မှာတော့ သူ့ရဲ့ Graphic Performance က A11 ထက်ကို ၅၀% လောက် ပိုမြန်လာပြီးတော့ Overall Performance လည်း သိသိသာသာမြင့်လာတာ တွေ့ရပါတယ်။

iPhone အနေနဲ့ သိသိသာသာမြန်လာတာက အံ့သြစရာမရှိပေမယ့် Android Handset တွေကရော Apple ကို ကျော်နိုင်ခဲ့လား? ဒီနှစ်ထဲမှာ Android ထဲမှာလည်း တော်တော်ကိုမိုက်တဲ့ Handset တွေ ထွက်ခဲ့တာပါပဲ။ ဒီတစ်ခေါက်မှာတော့ PhoneBuff ကနေ iPhone XS Max နဲ့ မြန်လွန်းပါတယ်ဆိုတဲ့ OnePlus 6T McLaren Edition နဲ့ ယှဉ်ပြီး Speed Test စမ်းပြခဲ့ပါတယ်။

McLaren Edition ကတော့ ပုံမှန် OnePlus 6T ထက် RAM ပိုများတဲ့ 10GB RAM နဲ့ဆိုတော့ နည်းနည်းလေးပိုမြန်မှာဖြစ်ပြီးတော့ iPhone XS Max မှာတော့ RAM 4GB ပဲ ပါပါတယ်။

စစလာလာချင်းမှာ OnePlus 6T McLaren Edition ကို ကျော်သွားတဲ့ XS Max က စမ်းသပ်မှုဆုံးတဲ့အထိ ကျော်နိုင်ပါ့မလား? OnePlus 6T ကပဲ ပြန်သာသွားနိုင်မလား? အောက်ကဗီဒီယိုထဲမှာ ကြည့်ကြည့်လိုက်ရင် ဘယ်သူအနိုင်ရလဲဆိုတာ ရင်ခုန်စွာမြင်ရမှာ ဖြစ်ပါတယ်။

Ref: BGR