New York Rangers ရဲ့ Fan ဖြစ်သူ David Arends ဟာ အရင်တုန်းက NFT ၁ ခုမှ ဝယ်ယူဖူးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကြိုက်ဆုံး ဟော်ကီ အသင်းဟာ ဂန္တဝင် ကစားသမား Henrik Lundqvist အနားယူသွားတာကို ဂုဏ်ပြုတဲ့ အနေနဲ့ NFT တွေ ရောင်းချလိုက်တဲ့အခါမှာတော့ သူဟာ ဝမ်းသာအားရ ဝယ်ယူခဲ့ပါတယ်။ အခုဆိုရင် သူ မြတ်မြတ်နိုးနိုး စုဆောင်းထားတဲ့ ပစ္စည်းတွေထဲမှာ ဂျာစီတွေနဲ့ အမှတ်တရ ပစ္စည်းတွေ အပြင် NFT တွေပါ ပါလာပါပြီ။

Arends ဟာ တစ်ခုကို ဒေါ်လာ ၂၀ နဲ့ NFT ၂ ခုကို ဝယ်ယူခဲ့ပြီး ပရင့်ထုတ်ကာ နေအိမ်နံရံမှာ ချိတ်ဆွဲထားပါတယ်။ သူက “ အဲဒီ NFT တွေကို ပြန်ရောင်းမှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော် ပိုင်ဆိုင်တဲ့ ပစ္စည်းပါ။ ထာဝရ သိမ်းဆည်းထားမှာပါ။ “ လို့ ပြောပါတယ်။

NFT and Fantasy Sports. A hype that's already over?

အားကစား နယ်ပယ်မှာ Cryptocurrency ကြော်ငြာတွေ၊ စပွန်ဆာတွေနဲ့ ပူးပေါင်းမှုတွေ တဖြည်းဖြည်းများပြားလာပြီး Web3 နယ်ပယ်ကို လူတွေ ပိုမို ရောက်ရှိလာအောင် တွန်းအားပေးနေပါတယ်။ Seton Hall University က မကြာခင်က သုတေသန စစ်တမ်း ၁ ခုကို ပြုလုပ်ခဲ့ပြီး အမေရိကန်က အရွယ်ရောက်ပြီးသူ ၁,၅၀၀ ကို မေးမြန်းထားပါတယ်။ စစ်တမ်းအရ အားကစား Fans တွေရှိတဲ့ အိမ်ထောင်စုတွေဟာ NFT နဲ့ Cryptocurrency တွေ ဝယ်ယူမှု ၅၇ ရာခိုင်နှုန်းနဲ့ အားကစား Fans တွေ မရှိတဲ့ အိမ်ထောင်စုတွေဟာ ၂၄ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီအတွက် အားကစား Fans တွေဟာ Bitcoin , Ethereum , NFT တွေ ဝယ်ယူမှု ၂ ဆ ပိုများပါတယ်။

Non-fungible Token (NFT) တွေဟာ Blockchain နည်းပညာနဲ့ ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူကို သက်သေခံပေးထားတာ ဖြစ်ပါတယ်။ အားကစားလောကမှာ NFT တွေဟာ ဝင်ငွေရပေါက် နည်းလမ်း အသစ် ၁ ခု ဖြစ်လာသလို Fans တွေနဲ့ ပိုမို ထိတွေ့ဆက်ဆံလို့ရလာစေပါတယ်။

Ref : decrypt