Spotify ကနေ အခုနောက်ပိုင်းမှာ Mobile App တွေအတွက် User Interface ပြောင်းလဲမှုတွေကို ဆက်တိုက်ပြုလုပ်လာပြီး အခုလည်း အသုံးပြုသူတွေအတွက် အရမ်းအသုံးဝင်မယ့် ပြောင်းလဲမှုတစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Spotify Account Profile ဓါတ်ပုံနဲ့ Username ကို Android နဲ့ iOS App တွေကနေ ပြောင်းလဲလို့ရသွားတာပါ။

ဒီလိုမျိုး Profile Information ပြောင်းလဲတာက တခြားသော App တွေနဲ့ယှဥ်ရင် အထူးအဆန်းမဟုတ်ပေမယ့် Spotify အတွက်ကတော့ အခုမှပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် Spotify အသုံးပြုသူတွေအနေနဲ့ Profile ဓါတ်ပုံအတွက် Facebook Account နဲ့ ချိတ်ဆက်ရပြီးတော့ Default Username ကိုပဲ အသုံးပြုနိုင်ခဲ့တာပါ။

Spotify ရဲ့ Blog Post အရတော့ Home Screen ရဲ့ Setting ထဲမှာရှိတဲ့ View Profile ကို နှိပ်လိုက်မယ်ဆိုရင် Edit Profile ဆိုပြီး Button အသစ်ပါဝင်လာတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီကနေ ကိုယ်ကြိုက်နှစ်သက်တဲ့ Profile ဓါတ်ပုံနဲ့ Username ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Spotify ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး Music Streaming Service ဖြစ်တဲ့အတွက် ဒီလိုမျိုး Feature ရရှိလာတာက အသုံးပြုသူတွေအတွက် တကယ်ကိုဝမ်းသာစရာပါ။

Ref – 9to5Google