[Zawgyi]

US ရဲ႕ Carrierႀကီး ႏွစ္ခုျဖစ္တဲ့ Sprint နဲ႔ T-Mobile တို႔ေပါင္းစည္းမယ့္ သတင္းက ၿပီးခဲ့တဲ့ ဧၿပီလေလာက္ကတည္းက ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ၾကားထဲမွာ တစ္ႏွစ္လုံးနီးပါး ၿငိမ္သက္ေနေပမယ့္ ႏွစ္ကုန္ကာနီးမွ ေပါင္းစည္းမႈေအာင္ျမင္ေတာ့မယ့္အေၾကာင္း သတင္းထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ ဒီသတင္းအတြက္ Huawei ကေတာ့ ေပ်ာ္႐ႊင္ႏိုင္မယ္ မထင္ပါဘူး။

Sprint ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ ဂ်ပန္ Carrier Softbank က Huawei ရဲ႕ 4G ပစၥည္းေတြေနရာမွာ သူတို႔ပစၥည္းေတြကို အစားထိုးသုံးစြဲဖို႔ သေဘာတူလိုက္ၿပီလို႔ Reuters က ေရးသား ေဖာ္ျပခဲ့ပါတယ္။ Nokia နဲ႔ Ericsson တို႔က ေနာက္ ႏွစ္အနည္းငယ္အၾကာမွာ လုံးဝနီးပါး အစားထိုးေနရာယူသြားဖြယ္လည္း ရွိေနတာပါ။ Softbank ဆိုတာကလည္း ဂ်ပန္မွာ Huawei ရဲ႕အေျခခံအေဆာက္အအုံေတြကို အသုံးျပဳေနတဲ့ တစ္ခုတည္းေသာ Carrier ျဖစ္ပါတယ္။

ဒီျဖစ္ရပ္က အေမရိကန္ရဲ႕ ေတာင္းဆိုမႈကို သေဘာတူညီခဲ့တဲ့ ေနာက္ဆက္တြဲ ရလဒ္လည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သိပ္မၾကာေသးခင္ကပဲ ဂ်ပန္ႏိုင္ငံကလည္း Huawei ပစၥည္းေတြကို သုံးစြဲဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာပဲ T-Mobile ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Deutsche Telekom ကလည္း ဥေရာပႏိုင္ငံေတြအတြက္ Purchasing Plans ေတြကို ျပန္လည္ သုံးသပ္မႈ ျပဳလုပ္ခဲ့ပါတယ္။

Sprint နဲ႔ T-Mobile တို႔ရဲ႕ အၿပီးသတ္ သေဘာတူညီမႈဟာ လာမယ့္ တစ္ပတ္အတြင္း ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။ Sprint နဲ႔ T-Mobile တို႔ၾကားက ညႇိႏႈိင္းျခင္းအျပင္ CFIUS (အေမရိကန္ႏိုင္ငံတြင္းႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီ) အသိအမွတ္ျပဳျခင္း၊ FCC (ဖက္ဒရယ္ဆက္သြယ္ေရးေကာ္မရွင္) နဲ႔ DoJ (တရားေရးဦးစီးဌာန) စတာေတြရဲ႕ အသိအမွတ္ျပဳျခင္းေတြကိုလည္း ယူရဦးမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

US ရဲ့ Carrierကြီး နှစ်ခုဖြစ်တဲ့ Sprint နဲ့ T-Mobile တို့ပေါင်းစည်းမယ့် သတင်းက ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကြားထဲမှာ တစ်နှစ်လုံးနီးပါး ငြိမ်သက်နေပေမယ့် နှစ်ကုန်ကာနီးမှ ပေါင်းစည်းမှုအောင်မြင်တော့မယ့်အကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းအတွက် Huawei ကတော့ ပျော်ရွှင်နိုင်မယ် မထင်ပါဘူး။

Sprint ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ဂျပန် Carrier Softbank က Huawei ရဲ့ 4G ပစ္စည်းတွေနေရာမှာ သူတို့ပစ္စည်းတွေကို အစားထိုးသုံးစွဲဖို့ သဘောတူလိုက်ပြီလို့ Reuters က ရေးသား ဖော်ပြခဲ့ပါတယ်။ Nokia နဲ့ Ericsson တို့က နောက် နှစ်အနည်းငယ်အကြာမှာ လုံးဝနီးပါး အစားထိုးနေရာယူသွားဖွယ်လည်း ရှိနေတာပါ။ Softbank ဆိုတာကလည်း ဂျပန်မှာ Huawei ရဲ့အခြေခံအဆောက်အအုံတွေကို အသုံးပြုနေတဲ့ တစ်ခုတည်းသော Carrier ဖြစ်ပါတယ်။

ဒီဖြစ်ရပ်က အမေရိကန်ရဲ့ တောင်းဆိုမှုကို သဘောတူညီခဲ့တဲ့ နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိပ်မကြာသေးခင်ကပဲ ဂျပန်နိုင်ငံကလည်း Huawei ပစ္စည်းတွေကို သုံးစွဲဖို့ ငြင်းပယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ T-Mobile ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Deutsche Telekom ကလည်း ဥရောပနိုင်ငံတွေအတွက် Purchasing Plans တွေကို ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။

Sprint နဲ့ T-Mobile တို့ရဲ့ အပြီးသတ် သဘောတူညီမှုဟာ လာမယ့် တစ်ပတ်အတွင်း ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ Sprint နဲ့ T-Mobile တို့ကြားက ညှိနှိုင်းခြင်းအပြင် CFIUS (အမေရိကန်နိုင်ငံတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီ) အသိအမှတ်ပြုခြင်း၊ FCC (ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်) နဲ့ DoJ (တရားရေးဦးစီးဌာန) စတာတွေရဲ့ အသိအမှတ်ပြုခြင်းတွေကိုလည်း ယူရဦးမှာ ဖြစ်ပါတယ်။

Ref: GSMarena