Xiaomi ရဲ့ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေဟာ ယခင် Xiaomi Flagship ဖုန်းတွေနဲ့ ယှဥ်ရင်သိသိသာသာကို စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း Mi 10 Series ဖုန်းတွေအသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပြန်ပါပြီ။

ဒါကတော့ Xiaomi Mi 10 နဲ့ Mi 10 Pro ကို China Version အသုံးပြုနေတဲ့သူတွေအတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi 10 Series ဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Stable Android 11 Update ကို ရရှိတဲ့ဖုန်းတွေလည်းဖြစ်လာပါပြီ။

Update ပြုလုပ်မယ်ဆိုရင်တော့ Firmware Build Number MIUI 12.2.2.0 RJBCNXM နဲ့ထွက်ရှိလာတာဖြစ်ပြီး File Size အနေနဲ့ 3GB ဝန်းကျင်ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ အခုလိုမျိုး Stable Update ဟာ Beta အနေနဲ့ ၂ လဝန်းကျင်အကြာမှ ထွက်ရှိလာတာဖြစ်တဲ့အတွက် တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင်တော့ အနည်းငယ်နောက်ကျတယ်လို့ ပြောနိုင်ပါတယ်။

Feature ပိုင်းတွေအနေနဲ့ ကတော့ Android 11 Update ကို ရရှိလာတယ်ဆိုပေမယ့်လည်း MIUI 12 ကိုပဲ အသုံးပြုထားတဲ့အတွက် တချို့သော Android 11 ရဲ့ Feature အသစ်တွေကလွဲရင်တော့ သိသိသာသာပြောင်းလဲမှုရရှိမှာမဟုတ်သေးပါဘူး။ Android Security Patch အနေနဲ့ကတော့ October 2020 Security Patch ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref – GSM Arena