[Zawgyi]






Ref: Android Authority

 

[Unicode]

Xiaomi Mi A2 ဟာ Android One device ဖြစ်ပါတယ်။ Operation System ထဲမှာ နောက်ကျကျန်ခဲ့တော့မယ်လို့ သတ်မှတ်ခံနေရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်ဆုံးပေါ် Andorid 9 Pie ခပ်စောစောပဲ ရရှိတော့မှာ ဖြစ်ပါတယ်။

Android One မဟုတ်တဲ့ တခြား Device တွေကတော့ Pie update ကို ရနှင့်နေပြီးဖြစ်ပါတယ်။ Essential Phone, OnePlus 6 နဲ့ OnePlus 6Tတို့ တောင် Pie update ရကြပြီမို့ Android One သုံးစွဲသူ အချို့ကလည်း သူတို့ Device အတွက် Update မရတော့မှာကို ပူပန်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဒီ Update က ပေါက်ကြားပြီး အင်တာနက်ပေါ်ရောက်ခဲ့သေးတာကြောင့် User တချို့ကတော့ Download ဆွဲပြီး Install လုပ်နှင့်ပြီးကြပြီဖြစ်ပါတယ်။ အခု ပေးတာကတော့ တရားဝင်ပေးတာဖြစ်ပြီး Stable Version လည်း ဖြစ်ပါတယ်။

Android 9 Pie Update က Xiaomi Mi A2 အတွက် Gesture navigation, adaptive battery, app actions စတာတွေနဲ့ Elements သစ်တွေကို Pie feature အသစ်အဖြစ် ယူဆောင်လာပေးပါတယ်။ Update ဟာ November Android security patch နဲ့အတူ လာတာဖြစ်ပြီး စုစုပေါင်း 1GB ကျော်တယ်လို့ သိရပါတယ်။

တခြား Android One device တစ်ခုဖြစ်တဲ့ Xiaomi Mi A2 Lite အတွက် Update ကတော့ နည်းနည်းကွဲပြားမှုတွေ ရှိနေတာကြောင့် အခု Update ကို တင်လို့ရမှာမဟုတ်ဘဲ စောင့်ရဦးမှာပါ။ ဒါပေမယ့် Xiaomi Mi A1 အတွက် Update ကတော့ ဘာသံမှ မကြားရသေးပါဘူး။ ဒါကြောင့် ၂၀၁၉ ထိ စောင့်ရဦးမယ်လို့ ယူဆရပါတယ်။

Ref: Android Authority