Huawei ကနေ Android 11 OS Update ကို တခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေလိုမျိုး ထုတ်ပေးသေးခြင်းမရှိသေးပါဘူး။ အဲ့ဒီအစား ကိုယ်ပိုင် EMUI ကိုပဲ EMUI 11 အနေနဲ့ Feature အသစ်တွေထည့်သွင်းပြီး မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Android 11 Update ကို ထုတ်ပေးခြင်းမရှိတော့တာက နောက်ပိုင်းမှာ EMUI 11 Update ကနေတဆင့် ကိုယ်ပိုင် HarmonyOS ကို ပြောင်းလဲဖို့စီစဥ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Huawei P40 ၊ P40 Pro နဲ့ Mate 30 Pro ဖုန်းတွေအတွက် EMUI 11 Stable Update ကို တရားဝင် Download ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။

ယခုသတင်းကိုတော့ Huawei Ailesi အမည်ရှိတဲ့အသုံးပြုသူတစ်ဦးကနေ Reddit Forum မှာ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ Feature ပိုင်းတွေအနေနဲ့ကတော့ EMUI 11 Beta Version ကနေ သိသိသာသာပြောင်းလဲသွားခြင်းမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတဲ့ပြောင်းလဲမှုတွေအနေနဲ့ကတော့ Bootup Screen မှာ Huawei Logo အပြင် “Powered by Android” ဆိုတဲ့ စာသားပဲဖြစ်သွားပြီး Android Logo ပုံပါဝင်ခြင်းမရှိတော့ပါဘူး။ ဒါတင်မဟုတ်သေးဘဲ System Information ထဲမှာရှိတဲ့ Android Security Patch Level ကနေ “Android” ဆိုတဲ့စာလုံးကိုဖယ်ရှားခဲ့ပြီး Security Patch Level လို့ပဲ ပြောင်းလဲရေးသားထားတာဖြစ်ပါတယ်။

Version အနေနဲ့ကတော့ EMUI 11.0.0.151 အနေနဲ့ ရရှိလာတာဖြစ်ပြီး File Size အနေနဲ့ 1.1GB ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Huawei အနေနဲ့ လာမယ့်ဒီဇင်ဘာလအတွင်းမှာ HarmonyOS Beta Version ကိုလည်း ထုတ်ပေးသွားမှာဖြစ်တဲ့အတွက် အဲ့ဒီအချိန်မှာ လက်ရှိ Android OS ကနေ HarmonyOS ကိုပါ ပြောင်းလဲနိုင်မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena