Huawei ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Huawei P40 Series စမတ်ဖုန်းတွေနဲ့အတူ EMUI 10.1 Update အသစ်ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ EMUI 10.1 Update ကို Huawei P40 Series ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Huawei Devices တွေအတွက်ပါ Stable Update အနေနဲ့ ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Huawei Devices တွေကတော့ Huawei P30 ၊ P30 Pro ၊ Huawei Nova 6 Series ဖုန်းတွေနဲ့ Huawei MatePad Pro Tablet တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်ဘဲ Honor V30 နဲ့ V30 Pro ဖုန်းတွေကပါ ယခင် EMUI 10.1 နဲ့တူညီတဲ့ Magic UI 3.1 Update ကို ရရှိသွားမှာဖြစ်ပါတယ်။

အဆိုပါ EMUI 10.1 Stable Update ဟာ China Region အတွက်ပဲ အရင်ထွက်ရှိလာတာဖြစ်ပြီး မကြာခင်မှာတော့ International Version အတွက် Stable Update ကိုတော့မကြာခင်မှာ ရရှိလာမယ်လို့ ယူဆရပါတယ်။ Huawei အနေနဲ့ကတော့ International Version အတွက် EMUI 10.1 Update ရရှိမယ့်အချိန်ကို အသေးစိတ်ပြောကြားထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် အခု EMUI 10.1 Update နဲ့အတူ Mulit-Windows Function Update တွေအပြင် MeeTime Messenger ၊ Celiia Voice Assistant ၊ Always-on Display Update တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena