OnePlus ဟာ ပြီးခဲ့တဲ့ OnePlus Nord စမတ်ဖုန်းနဲ့အတူ ကုမ္ပဏီအတွက် ပထမဆုံးသော TWS Earbuds တစ်ခုဖြစ်တဲ့ OnePlus Buds ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OnePlus Buds ဟာ စျေးနှုန်းအနေနဲ့ $79 ပဲရှိတဲ့အတွက် တခြားသော Apple ၊ Samsung နဲ့ Google လိုမျိုး ကုမ္ပဏီကြီးတွေက ထုတ်လုပ်တဲ့ Earbuds တွေထက် စျေးပိုသက်သာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း OnePlus Buds ဟာ OnePlus ဖုန်းတွေနဲ့ ချိတ်ဆက်တဲ့အချိန်မှပဲ Dolby Atmos ၊ Fnatic Gaming Mode အပါအဝင် တချို့သော Feature တွေကို အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော Android ဖုန်းတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုမယ်ဆိုရင်တော့ Feature အစုံအလင်ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီအတွက် OnePlus ကနေ မကြာခင်မှာ Android Version 6.0 နဲ့အထက် Third-party Android ဖုန်းတွေအတွက် Application တစ်ခုကို ထုတ်ပေးသွားမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါကလည်း OnePlus Chinese Q&A Section မှာ ဖော်ပြခဲ့တာဖြစ်ပြီး Feature တွေအပြင် Double Tap Function တွေကို ပြင်ဆင်ဖို့နဲ့ Firmware Update တွေကိုပါ အဆိုပါ App ကနေ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

OnePlus Buds တွေဟာ လက်ရှိအချိန်မှာ Gesture Control တွေလည်း တခြားသော Earbuds တွေလောက်စုံလင်ခြင်းမရှိသလို Google Assistant လိုမျိုး Voice Assistant Feature တွေလည်း အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် တခြားသော စျေးပိုကြီးတဲ့ TWS Earbuds တွေနဲ့ ယှဥ်ရင် Feature ပိုင်းတွေမှာ အားနည်းနေသေးတာဖြစ်ပါတယ်။

OnePlus ကတော့ အဆိုပါ OnePlus Buds အတွက် App ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာကတော့ မကြာခင်မိတ်ဆက်ဖို့ရှိနေတဲ့ OnePlus Buds Z Earbuds အသစ်နဲ့အတူ ထွက်ရှိလာဖို့များနေပါတယ်။

Ref – 9to5Google