ဆေးသိပ္ပံ သုတေသန စစ်တမ်း ၁ ခုက Apple Watch ရဲ့ ECG Sensor တွေဟာ Heart Attack လုပ်ခံရမှာကို တွက်ချက်ပေးနိုင်တယ်လို့ ပြောပါတယ်။

Best smartwatches in Singapore 2022 - Apple Watch Series

နှလုံးတိုက်ခိုက်ခံရမှု သို့မဟုတ် Myocardial Infarction ဟာ သွေးကြော ပိတ်ဆို့မှုကြောင့် နှလုံးက ကြွက်သားတချို့ဟာ အောက်ဆီဂျင် လုံလောက်စွာ မရရင် ဖြစ်တတ်ပါတယ်။ Apple Watch User တွေက အဲဒီ လက္ခဏာကို သိရှိနိုင်ကြပါတယ်။

Texas Heart Institute Journal က ဒီလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ Apple Watch ဟာ Electrocardiogram (ECG) Sensor တွေကနေ နှလုံးတိုက်ခိုက်ခံရမှုကို တွက်ချက်ပေးနိုင်ပါတယ်။ အဲဒီ ECG Sensor ကို Watch Series 4,5,6 နဲ့ 7 မှာ ထည့်သွင်းပေးထားပါတယ်။

Apple Watch credited with saving woman's life after unnoticed 'widow maker heart attack' - 9to5Mac

သုတေသန ပညာရှင်တွေက Apple Watch ဟာ နှလုံးတိုက်ခိုက်ခံရမှာကို တိကျစွာ တွက်ချက်ပေးနိုင်တယ်လို့ ပြောပါတယ်။ ဒီရောဂါမျိုးမှာ အချိန်ဟာ အရေးကြီးတဲ့အတွက် ပထမဆုံး လက္ခဏာတွေ ပြသတာနဲ့ သိဖို့ လိုအပ်ပါတယ်။ Apple Watch က ရောဂါ မပြင်းထန်ခင်မှာ ဆရာဝန်ပြဖို့ User ကို အသိပေးနိုင်ပါတယ်။

ကျောင်းသူ ၁ ယောက်က သူမ ရောဂါ စစ်ဆေးမှု မပြုခင် လအနည်းငယ်အလိုမှာကတည်းက ရောဂါ လက္ခဏာတွေကို Apple Watch က အာရုံခံမိတယ်လို့ ပြောပါတယ်။ Apple Watch ဟာ နှလုံးခုန်နှုန်း မမှန်တာကို အာရုံခံမိပြီး User တွေရဲ့ အသက်ကို ကယ်တင်လိုက်နိုင်တဲ့ သတင်းများစွာလည်း ဖတ်ဖူးပြီးကြပါပြီ။

တစ်ခု သတိထားရမှာက Apple Watch ဟာ Medical Equipment တွေ နေရာမှာ အစားထိုးလို့ မရပါဘူး။ ဒါပေမယ့် လူသားတွေရဲ့ နှလုံးကျန်းမာရေးကို အချိန်ပြည့် စောင့်ရှောက်ပေးနိုင်တဲ့ ကိရိယာအဖြစ် အသုံးဝင်ပါတယ်။

Ref : gizchina