[Zawgyi]

လက္ရွိအခ်ိန္မွာ Samsung ဟာ အေကာင္းဆုံး OLED ေတြကို ျပဳလုပ္ႏိုင္တဲ့ကုမၸဏီဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ Apple ရဲ႕ iPhone XS, XS Max နဲ႔ ကုမၸဏီရဲ႕ Flagship ေတြျဖစ္တဲ့ Galaxy S9, Galaxy Note 9 တို႔က သက္ေသပဲ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ Samsung ဟာ အလယ္အလတ္နဲ႔ ေသးငယ္တဲ့ အ႐ြယ္အစားရွိ OLED panels ေဈးကြက္ရဲ႕ ၉၅ ရာခိုင္ႏႈန္းေလာက္ကို ရယူထားႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ၿပိဳင္ဘက္ကုမၸဏီေတြအပါအဝင္ ဒီထုတ္လုပ္မႈနယ္ပယ္ထဲက လုပ္ငန္းရွင္ေတြအေနနဲ႔ Samsung ရဲ႕ OLED ျပဳလုပ္နည္းကို စိတ္ဝင္စားေနၾကတာလည္း ျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့ သတင္းကေတာ့ ပစၥည္းအေရာင္းအဝယ္အတြက္ လုပ္ကိုင္ရတဲ့ ဝန္ထမ္း ၁၁ ေယာက္ဟာ Samsung ရဲ႕ လွ်ိဳ႕ဝွက္နည္းပညာကို တ႐ုတ္ကုမၸဏီတစ္ခုဆီ ေရာင္းစားခဲ့တယ္လို႔ သိရပါတယ္။ ၾကားရတဲ့ သတင္းကေတာ့ မေကာင္းလွပါဘူး။

အခုအခ်ိန္မွာေတာ့ Samsung ဟာ သူ႔ရဲ႕ ဝန္ထမ္း ၁၁ဦးက ေဒၚလာ ၁၄ သန္းနဲ႔ တ႐ုတ္ကုမၸဏီကို ေရာင္းခ်လိုက္တဲ့ OLED ထုတ္လုပ္မႈလွ်ိဳ႕ဝွက္ခ်က္ ကိစၥအေပၚ အာ႐ုံစိုက္ကိုင္တြယ္ေနရတာလည္း ျဖစ္ပါတယ္။ ဒီလို ခိုးယူေရာင္းခ်ခဲ့တဲ့ ၁၁ ဦးထဲကမွ ၃ ဦးဟာ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီး ေမးျမန္းခံရဖို႔ ေစာင့္ဆိုင္းေနတဲ့ စာရင္းထဲမွာ ကုမၸဏီရဲ႕ CEO လည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

Samsumg ဟာ ဒီ OLED နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ ကိုရီးယား ဝမ္ ဘီလီယံ ၁၅၀ အသုံးျပဳခဲ့ရၿပီး အခ်ိန္အားျဖင့္ ၆ ႏွစ္ေက်ာ္ ၾကာခဲ့ပါတယ္။ ဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ၿပီးတဲ့ေနာက္ သံသယရရွိသူ စာရင္းကို ေတြ႕ရွိရာမွာ အံ့ၾသတုန္လႈပ္ခဲ့ရတယ္လို႔ Samsung ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦး ဖြင့္ဟခဲ့ပါတယ္။ ဒီေပါက္ၾကားမႈမွာေတာ့ ဖြဲ႕စည္းပုံသ႐ုပ္ျပ ဒီဇိုင္းေတြ၊ နည္းပညာဆိုင္ရာ လုပ္ေဆာင္မႈအဆင့္ဆင့္ေတြအျပင္ 3D Lamination နည္းပညာေတြလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

 

Ref: GSMarena

 

[Unicode]

လက်ရှိအချိန်မှာ Samsung ဟာ အကောင်းဆုံး OLED တွေကို ပြုလုပ်နိုင်တဲ့ကုမ္ပဏီဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ Apple ရဲ့ iPhone XS, XS Max နဲ့ ကုမ္ပဏီရဲ့ Flagship တွေဖြစ်တဲ့ Galaxy S9, Galaxy Note 9 တို့က သက်သေပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ Samsung ဟာ အလယ်အလတ်နဲ့ သေးငယ်တဲ့ အရွယ်အစားရှိ OLED panels ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ရယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြိုင်ဘက်ကုမ္ပဏီတွေအပါအဝင် ဒီထုတ်လုပ်မှုနယ်ပယ်ထဲက လုပ်ငန်းရှင်တွေအနေနဲ့ Samsung ရဲ့ OLED ပြုလုပ်နည်းကို စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းကတော့ ပစ္စည်းအရောင်းအဝယ်အတွက် လုပ်ကိုင်ရတဲ့ ဝန်ထမ်း ၁၁ ယောက်ဟာ Samsung ရဲ့ လျှို့ဝှက်နည်းပညာကို တရုတ်ကုမ္ပဏီတစ်ခုဆီ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။ ကြားရတဲ့ သတင်းကတော့ မကောင်းလှပါဘူး။

အခုအချိန်မှာတော့ Samsung ဟာ သူ့ရဲ့ ဝန်ထမ်း ၁၁ဦးက ဒေါ်လာ ၁၄ သန်းနဲ့ တရုတ်ကုမ္ပဏီကို ရောင်းချလိုက်တဲ့ OLED ထုတ်လုပ်မှုလျှို့ဝှက်ချက် ကိစ္စအပေါ် အာရုံစိုက်ကိုင်တွယ်နေရတာလည်း ဖြစ်ပါတယ်။ ဒီလို ခိုးယူရောင်းချခဲ့တဲ့ ၁၁ ဦးထဲကမှ ၃ ဦးဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး မေးမြန်းခံရဖို့ စောင့်ဆိုင်းနေတဲ့ စာရင်းထဲမှာ ကုမ္ပဏီရဲ့ CEO လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Samsumg ဟာ ဒီ OLED နည်းပညာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကိုရီးယား ဝမ် ဘီလီယံ ၁၅၀ အသုံးပြုခဲ့ရပြီး အချိန်အားဖြင့် ၆ နှစ်ကျော် ကြာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် သံသယရရှိသူ စာရင်းကို တွေ့ရှိရာမှာ အံ့သြတုန်လှုပ်ခဲ့ရတယ်လို့ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖွင့်ဟခဲ့ပါတယ်။ ဒီပေါက်ကြားမှုမှာတော့ ဖွဲ့စည်းပုံသရုပ်ပြ ဒီဇိုင်းတွေ၊ နည်းပညာဆိုင်ရာ လုပ်ဆောင်မှုအဆင့်ဆင့်တွေအပြင် 3D Lamination နည်းပညာတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

Ref: GSMarena