[Zawgyi]

Microsoft က နယူးေယာက္မွာ က်င္းပတဲ့ Surface Event မွာ အလန္းစား ထုတ္ကုန္ အသစ္ေတြကို ခ်ျပလိုက္ပါတယ္။ ပထမဆံုး မိတ္ဆက္ခဲ့တာက Surface Laptop 3 ျဖစ္ပါတယ္။ ၁၅ လက္မ အရြယ္အစား အသစ္ကိုလည္း ထုတ္လုပ္ေပးထားၿပီး Ryzen Surface Edition Processor ေမာင္းႏွင္ထားပါတယ္။ ၁၃ လက္မ ေမာ္ဒယ္မွာေတာ့ Intel Processor ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Surface Laptop 3 မွာ Microsoft ရဲ႕ Surface Connector အျပင္ အားသြင္းဖို႔အတြက္ USB Type-C Port ပါလာပါတယ္။ Display Port ကိုေတာ့ ဖယ္ရွားထားပါတယ္။ လွ်င္ျမန္စြာ အားသြင္း စနစ္ ပါလာၿပီး ၁ နာရီအတြင္းမွာ ၈၀ ရာခုိင္ႏႈန္း အားျဖည့္ေပးႏုိင္ပါတယ္။

Trackpad က အရင္မ်ိဳးဆက္ထက္ ၂၀ ရာခုိင္ႏႈန္း ပိုမို ႀကီးမားလာပါတယ္။ Storage လို အစိတ္အပိုင္းေတြကို လြယ္ကူစြာ ျဖဳတ္လဲႏိုင္ေအာင္ Laptop ကို ဒီဇိုင္း ထုတ္ထားပါတယ္။ ေနာက္ထပ္ ဒီဇိုင္း ေျပာင္းလဲမႈက အေရာင္ ၂ မ်ိဳး ထုတ္လုပ္ေပးထားတာျဖစ္ၿပီး Alcantara နဲ႔ Aluminum ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။

Surface Laptop 3 13”

  • 13” 3:2 display
  • 10th-Gen Intel processor – with Core i5 or Core i7 configurations
  • Up to 16GB of RAM
  • Up to 512GB of storage
  • Starts at $999

Surface Laptop 3 15”

  • 15”  Display
  • AMD Ryzen Microsoft Surface Edition
  • Up to 16GB of RAM
  • Up to 512GB of storage
  • Starts at $1199

ေမာ္ဒယ္ ၂ ခုစလံုးကို ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ဒီလ ၂၂ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ တန္ဖိုးအနည္းဆံုး အေနနဲ႔ ၁၃ လက္မကို ၉၉၉ ေဒၚလာနဲ႔ ၁၅ လက္မကို ၁,၁၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၅ သိန္းနဲ႔ ၁၈ သိန္းေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Microsoft က စွမ်းရည်မြင့် Surface Laptop 3 ကို ကြေညာ

Microsoft က နယူးယောက်မှာ ကျင်းပတဲ့ Surface Event မှာ အလန်းစား ထုတ်ကုန် အသစ်တွေကို ချပြလိုက်ပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တာက Surface Laptop 3 ဖြစ်ပါတယ်။ ၁၅ လက်မ အရွယ်အစား အသစ်ကိုလည်း ထုတ်လုပ်ပေးထားပြီး Ryzen Surface Edition Processor မောင်းနှင်ထားပါတယ်။ ၁၃ လက်မ မော်ဒယ်မှာတော့ Intel Processor ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Surface Laptop 3 မှာ Microsoft ရဲ့ Surface Connector အပြင် အားသွင်းဖို့အတွက် USB Type-C Port ပါလာပါတယ်။ Display Port ကိုတော့ ဖယ်ရှားထားပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ် ပါလာပြီး ၁ နာရီအတွင်းမှာ ၈၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

Trackpad က အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမို ကြီးမားလာပါတယ်။ Storage လို အစိတ်အပိုင်းတွေကို လွယ်ကူစွာ ဖြုတ်လဲနိုင်အောင် Laptop ကို ဒီဇိုင်း ထုတ်ထားပါတယ်။ နောက်ထပ် ဒီဇိုင်း ပြောင်းလဲမှုက အရောင် ၂ မျိုး ထုတ်လုပ်ပေးထားတာဖြစ်ပြီး Alcantara နဲ့ Aluminum တွေ ရွေးချယ်နိုင်ပါတယ်။

Surface Laptop 3 13”
• 13” 3:2 display
• 10th-Gen Intel processor – with Core i5 or Core i7 configurations
• Up to 16GB of RAM
• Up to 512GB of storage
• Starts at $999
Surface Laptop 3 15”
• 15” Display
• AMD Ryzen Microsoft Surface Edition
• Up to 16GB of RAM
• Up to 512GB of storage
• Starts at $1199

မော်ဒယ် ၂ ခုစလုံးကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၂ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးအနည်းဆုံး အနေနဲ့ ၁၃ လက်မကို ၉၉၉ ဒေါ်လာနဲ့ ၁၅ လက်မကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းနဲ့ ၁၈ သိန်းလောက်ရှိပါတယ်။

Ref : gizmochina